Sunday, September 1, 2013

ယမုံကျေးရွာတွင် အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျွန်းစုမြို့ ယမုံကျေးရွာတွင် အသိပညာပေးဟောပြောပွဲကို သြဂုတ်လ (၃၁) ရက် နေ့လည်(၁း၃၀)နာရီ တွင် ယမုံကျေးရွာ ရွှေပင်လယ် သတ္တုတူးဖော်ရေး ကုပ္မဏီတွင် ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာဝင်း က အမှာစကားပြောကြားသည်။




ယင်းနောက် မြို့နယ်ဥပဒေအရာရှိ ဦးအောင်မင်းစိုးမှ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မအကြောင်း ကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါ၀ါခိုင်မှ လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူရေး အကြောင်းကို လည်းကောင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သောင်းထွန်းလွင်က မှုခင်းကျဆင်းရေးနှင့် မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေးအကြောင်းကို လည်းကောင်း အသီးသီး ရှင်းလင်း ဟောပြောကြသည်။

ဆက်လက်၍ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းဦးစီးဌာနမှူး ဦးသက်အောင်ရွှေမှ ယမုံကျေးရွာ တောင်သူများအား လယ်ယာလုပ်ပိုင်ခွင့် လက်မှတ်များအား ပေးအပ်သည်။ အသိပညာပေးဟောပြောပွဲသို့ ဌာန ဆိုင်ရာများနှင့် ကျေးရွာသူ/သား(၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
iprd myeik

0 comments: