Tuesday, September 10, 2013

မြိတ်မြို့တွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး ကာကွယ်ဆေးများ တိုက်ကျွေး


မြိတ်ခရိုင် ကျန်းမာရေး ဦးစီးဌာနမှ ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရေး အတွက် လူကုန်ဆေးတိုက် ကျွေးခြင်း လုပ်ငန်းကို ပြည်သူများအား အိမ်တိုင် ယာရောက် ကာကွယ်ဆေးတိုက်ကျွေးမှုကို မြိတ်မြို့နယ် ရပ်ကွက်/ကျေးရွာ များတွင် စက်တင်ဘာလ(၉)ရက် ညနေ(၅)နာရီမှ စတင်၍ ဆောင်ရွက် လျက် ရှိသည်။



အဆိုပါ ဆင်ခြေထောက်ရောဂါ ကာကွယ်ရေး အတွက် ခရိုင်/မြို့နယ် ကျန်းမာရေး ၀န်ထမ်းများ၊ ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆေးတိုက်အဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်းပြီး ဆင်ခြေ ထောက်ရောဂါ ကင်းဝေးရေး အတွက် လူကုန်ဆေးတိုက်ကျွေးခြင်း လုပ်ငန်းကို စက်တင်ဘာလ (၉)ရက် နေ့မှ (၁၅)ရက်နေ့အထိ ရပ်ကွက် /ကျေးရွာများအတွင်း တိုက်ကျွေးသွားမည်ဖြစ်သည်။

အဆိုပါ ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးအဖြစ် DEC ဆေးပြားနှင့် Albendazole တို့ကို ပူးတွဲ၍ အသက်(၂)နှစ်မှ(၅)နှစ်အတွင်း DEC 100 mg နှင့် သံချဆေးတစ်လုံးကိုလည်းကောင်း၊ အသက်(၆)နှစ် မှ(၁၄)နှစ်အတွင်း DEC 200 mg နှင့် သံချဆေးတစ်လုံးကိုလည်းကောင်း၊ အသက်(၁၄)နှစ်မှ အထက်ကို DEC 300 mg နှင့် သံချဆေးတစ်လုံးကို လည်းကောင်း အသီးသီးတိုက်ကျွေးလျက်ရှိကြောင်း သတင်းရရှိသည်။

iprd myeik

0 comments: