Tuesday, September 3, 2013

ပုလောမြို့နယ်တွင် စိတ်ကြွ ရူးသွပ်ဆေးပြား (၁၀၀၀)ကျော် ဖမ်းဆီးမိ

တနသာင်္ရီတိုင်း ဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် အမှတ်(၃) ရပ်ကွက် သိမ်ဝလမ်းနေ ဦးဝင်းရှိန် + ဒေါ်ဂင်စန်း၏ နေအိမ်တွင် မူးယစ်ဆေးများ ရောင်းချနေကြောင်း သတင်းရရှိ၍ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့ ရက်ည (၁၁)နာရီ အချိန်ခန့်တွင် ပုလောမြို့နယ် ရဲစခန်းမှ စခန်းမှူး ရဲအုပ်စိုးကြည် ဒုရဲအုပ် စိုးထွန်းနှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အသိ သက်သေများမှ ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား (၁၀၃၀)ပြားနှင့် 




မူးယစ်ဆေးဝါး ရောင်းရ ငွေဖြင့် ဝယ်ယူထားသော (၂၃၅)သိန်းတန် ကားတစ်စီး၊  ရွှေထည် ပစ္စည်း ၉ ကျပ်သားကျော် ငွေကျပ် (၉၀)သိန်း စုစုပေါင်း တန်ဖိုး (၄၃၆)သိန်းကျော် ရှာဖွေသိမ်းဆီးခဲ့ပြီး ပုလောမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ဖမ်းဆီး အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိပါသည်။
December ko ko myanmar

0 comments: