Sunday, September 15, 2013

အထက(၁)မြိတ်၌ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ


၂၀၁၂-၂၀၁၃ပညာသင်နှစ် မိဘဆရာ အသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်  ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာလ(၁၅)ရက် နံနက်(၉)နာရီတွင် အမှတ်(၁)အခြေခံ ပညာ အထက်တန်းကျောင်း၌ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ခရိုင်ပညာရေး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/မများ ၊ ကျောင်းသား /သူများ တက်ရောက်ကြသည်။ 


ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမြင့်အောင်က မိဘဆရာ အသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြိတ်ခရိုင် ပညာ ရေးမှူး ဦးကြည်သန်းနှင့် မြို့နယ်ပညာရေးမှူး ဦးဗိုလ်မောင်တို့က အမှာစကား ပြောကြားကြသည်။

ထိုနောက် ၂၀၁၂-၂၀၁၃ပညာသင်နှစ် ငွေစာရင်းရှင်းတမ်းများနှင့် မိဘဆရာအသင်း အမှုဆောင်အဖွဲ့ အစီရင်ခံစာကို မိဘဆရာ အသင်း အတွင်းရေးမှူး ဆရာမဒေါ်အေးအေးမော်က ဖတ်ကြားတင်ပြပြီး ၂၀၁၂-၂၀၁၃ပညာသင်နှစ် အမှုဆောင်အဟောင်းများနုတ်ထွက်ခြင်း၊ ၂၀၁၃-၂၀၁၄ပညာသင်နှစ်အတွက် အမှုဆောင် အသစ်များကို ရွေးချယ် တင်မြောက်ကြသည်။

ယင်းနောက် ၂၀၁၂-၂၀၁၃ပညာသင်နှစ် အတွက် ပညာရည်ချွန်ဆု ရရှိသူများနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန် စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုဆုများကို ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သတင်းရရှိသည်။

IPRD MYEIK

1 comments:

zmsonon said...

ကျေးဇူးတင်ပါတယ်