Thursday, September 5, 2013

မြိတ်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးရုံးများ အတွက် ရုံးအသုံးစရိတ် ငွေ (၃၄)သိန်း လှူဒါန်း

ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ မြိတ်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၀ဏ္ဏကျော်ထင် ဦးဌေးမြင့်က မြိတ်မြို့နယ် အတွင်းရှိ ဖွင့်လှစ်ပြီး ဖြစ်သော ရပ်ကွက် / ကျေးရွာ အုပ်စု ပါတီရုံးများအတွက် အလှူငွေ (၃၄) သိန်း ပေးအပ်လှူဒါန်းပွဲ ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၄) ရက်နေ့ နံနက် (၁၁) နာရီ အချိန်တွင် မြိတ်မြို့ ဆိပ်ငယ်ရပ် ဗိုလ်ချုပ်လမ်းရှိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်၏ နေအိမ်တွင် ပြုလုပ်သည်။




အခမ်းအနားတွင် မြိတ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်က မြိတ်မြို့နယ် အတွင်းရှိ ဖွင့်လှစ်ပြီး ဖြစ်သော ရပ်ကွက်ရုံး (၁၂)ရုံး၊ ကျေးရွာပါတီရုံး (၂၂)ရုံးအတွက် တစ်ရုံးလျှင် ငွေကျပ် (၁)သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၃၄)သိန်း လှူဒါန်းရာ ရပ်ကွက်/ ကျေးရွာများ ကိုယ်စား မြိတ်မြို့နယ် ပါတီ အတွင်းရေးမှူး ဦးကိုကိုကြီးက လက်ခံရယူသည်။

အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ၀ဏ္ဏကျော်ထင် ဦးဌေးမြင့် ၊ မြိတ်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှန်နှင့် ဦးမိုးမြင့် ၊ တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်းနှင့် မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် ပါတီ ကော်မတီဝင်များ ၊ ရပ်ကွက်/ ကျေးရွာအုပ်စု စည်းရုံးရေးမှူးများနှင့် ပါတီဝင်များ စုစုပေါင်း အင်အား (၉၀) ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။

USDP MYEIK

0 comments: