Monday, September 2, 2013

မြိတ်ခရိုင်တွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်းမည်

၂၀၁၃ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင်  ကျင်းပပြုလုပ်သော သရက်ချောင်း မြို့နယ်လုံးဆိုင်ရာ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး သံဃာ့ညီလာခံ၌ မြိတ်ခရိုင်မှ သံဃာကိုယ်စားလှယ် ဆရာတော်များ ညီလာခံတက်ရောက် ခဲ့သည်။ 


ညီလာခံ အစည်းအဝေး ကျင်းပရာ၌ မြိတ်ခရိုင် သံဃာ ကိုယ်စားလှယ် တစ်ပါးက မြိတ်ခရိုင်၌လည်း ယခုကဲ့သို့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်းရန် အတွက် နည်းနာ နိသယများ လာရောက် နည်းယူကြောင်း ထုတ်ဖော်ပြောသွား ခဲ့သည်။ 

ထိုသို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်းမည့်  မြိတ်ခရိုင် အတွင်း၌ နေထိုင်ခဲ့ကြသော ဆရာတော်၊ သံဃာတော်များနှင့် ပြည်သူပြည်သား အပေါင်း တို့အား ၀မ်းမြောက် ဂုဏ်ယူမိ ပါကြောင်း တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင်(ယာယီ) အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့မှ ၀မ်းမြောက် သ၀ဏ်လွှာ ပေးပို့ထားကြောင်း သတင်းရရှိပါသည်။

0 comments: