Tuesday, September 10, 2013

သဲတင်သင်္ဘော သဲလုပ်သား တစ်ဦး သဲမြှုပ်၍ သေဆုံး

၂၀၁၃ ခုနှစ်၊ စက်တင်ဘာ လ(၆)ရက် နေ့လည်(၁၂း၃၀)နာရီခန့်က ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု ကော့မွေးကျွန်း အရှေ့ဘက် (၂)မိုင်အကွာ ပင်လယ်ပြင်တွင် နိုင်ငံခြား သဲတင်သင်္ဘော MV.MEGSA ARIES သည် သဲများစုပ်တင် ဆောင်ရွက်လျက်ရှိစဉ် သဲတင်သင်္ဘောပေါ်တွင် သန့်ရှင်းရေးနှင့် သဲတင်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော မြိတ်မြို့ ကန်ဖျားရပ် မြေနီလမ်း လမ်းသွယ်(၃) အမှတ်(၁၅)တွင် နေထိုင်သူ ဦးတင်မြင့်၏သား မြတ်ဇော်(၃၃)နှစ် သည် လုပ်ငန်းများ ဆောင်ရွက်နေစဉ် ရုတ်တရက် ပျောက်ဆုံးသွားသဖြင့် သင်္ဘောသားများ၊ အထွေထွေ လုပ်သား များနှင့် ကုပ္မဏီဝန်ထမ်းများက လိုက်လံရှာဖွေခဲ့ရာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့ နေ့လည် (၂)နာရီခွဲ အချိန်၌ အဆိုပါ သဲတင်သင်္ဘော ၀မ်းဗိုက် ပထမခန်း အတွင်းရှိ တက်/ဆင်း လှေကားအနီး၌ သဲများဖြင့် မြှုပ်နေသော အလောင်းအား ပြန်လည် ရှာဖွေတွေ့ရှိခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ကျွန်းစုမြို့နယ် မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၈/၂၀၁၃) ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားကြောင်း သိရှိရသည်။ 

 

နိုင်ငံခြား သဲတင်သင်္ဘော MV.MEGSA ARIES သည် စီးပွားရေးဦး ပိုင် လီမိတက် ရာနှုန်းပြည့်ကုပ္မဏီ ဖြစ်သော မြ၀တီထရေးဒင်းလီမိတက်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော စင်္ကာပူနိုင်ငံအခြေစိုက် Starhigh Asia Pacific Pte.Ltd မှ ပင်လယ်သဲများ သယ်ယူပို့ဆောင်လျက်ရှိသော သဲတင်သင်္ဘောဖြစ်ကြောင်း သတင်းရရှိသည်။

0 comments: