Friday, September 13, 2013

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း မြိတ်ခရိုင် ပါတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် မြိတ်ခရိုင်အတွင်းရှိ မြိတ်ခရိုင်နှင့် မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ် ပါတီကော်မတီဝင်များ၊ ပါတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့ ညနေ (၄) နာရီ အချိန်၌ မြိတ်မြို့ ချောင်းကူးငယ်ရပ်ကွက်ရှိ တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ကျင်းပသည်။




အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးစိုးနိုင်၊ တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် ဗဟိုကော်မတီဝင်များ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြိတ်ခရိုင်နှင့် မြို့နယ်များမှ ပါတီ ကော်မတီဝင်များ၊ လူငယ်ရေးရာ အဖွဲ့ဝင်များ၊ ပါတီဝင်များ စုစုပေါင်း အင်အား (၃၀၀) ခန့် တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက လမ်းညွှန် အမှာစကား ပြောကြားပြီးနောက် ပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၂၀၁၅ ခုနှစ် အောင်မြင်ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ပါတီဌာနချုပ်က လှုပ်ရှား ဆောင်ရွက်နေမှုများအား ရှင်းလင်း ပြောကြားသည်။ ဆက်လက်ပြီး တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ၀န်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်း ဒေသကြီးပါတီ၏ လှုပ်ရှားစည်းရုံး ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ရှင်းလင်းတင်ပြချက်များနှင့် ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက နိဂုံးချုပ် လမ်းညွှန်အမှာစကား ပြောကြားပြီးနောက် အခမ်းအနား ပြီးမြောက်ခဲ့သည်။

ထိုအခမ်းအနားတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးမှ ဗဟိုဌာနချုပ်မှ ထောက်ပံ့သည့် တစ်မြို့နယ် လျှင် ငွေကျပ် (၁၀)သိန်းကို မြိတ်ခရိုင် အတွင်းရှိ (၄)မြို့နယ်သို့ ပေးအပ်ချီးမြှင့်ရာ အတွင်းရေးမှူးများက လက်ခံရယူခဲ့ကြောင်း သတင်း ရရှိသည်။

0 comments: