Sunday, September 29, 2013

ရန်ကုန်လေဆိပ်တွင် မြိတ်မြို့သို့ သယ်ယူမည့် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

၂၈.၉.၂၀၁၃ရက်နေ့ ၁၀၄၅အချိန် ရန်ကုန်လေဆိပ် ပြည်တွင်းထွက်ခွါ X-Ray စက်၌ တာဝန် ထမ်းဆောင်နေသည့် ပူးပေါင်းအဖွဲ့သည်  ရန်ကုန်မှ မြိတ်မြို့သို့သွားမည့် မြန်မာ့လေကြောင်း UB – Special ဖြင့် တင်ဆောင်ရန်အတွက် ကျော်စွာဝင်း၊ (ဘ)ဦးတင်ဦးလွင်၊ အင်းစိန်မြို့နယ်နေသူ ယူဆောင်လာသည့် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော TV Game စက်အား X-Ray စက်တွင် ဖြတ်သန်းစဉ်  ၎င်း Game စက်အတွင်း၌ မသင်္ကာဖွယ်ရာတွေ့ရှိသဖြင့် လေကြောင်း ရဲတပ်ဖွဲ့မှူးရုံး (ရန်ကုန်)သို့ ကျော်စွာဝင်းအား Game စက်နှင့် အတူခေါ်ဆောင်ကာ သက်သေများရှေ့တွင် ဖွင့်ဖေါက် စစ်ဆေးခဲ့ရာ Game စက်အတွင်းမှ အ၀ါရောင် တိတ်များဖြင့် ပတ်လျက် အပြာရောင် ပလပ်စတစ် အိတ်ငယ်များဖြင့် ထည့်ထားသော WY စာတမ်းပါ စိတ်ကြွဆေးပြား (၇၉၈)ပြား၊ အလေးချိန် (၇၉.၈)ဂရမ်ခန့် ၊ ကာလတန် ဘိုးငွေကျပ်(၃၉၉၀၀၀၀)အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါသည်။


ကျော်စွာဝင်းအား စစ်ဆေးခဲ့ရာ အဆိုပါဆေးပြားများ ပါသည့်Gameစက်ကို ရန်ကုန်မြို့မှ မြိတ်မြို့သို့ ပို့ဆောင်ပေးရန် ၀၆၀၀အချိန်ခန့်က အမည်မသိ အမျိုးသား (၁)ဦးမှ လာရောက်ပေးခဲ့ခြင်းဖြစ်ပြီး  မြိတ်မြို့ရှိ ဦးနောင်ကို၊ (ဘ) ဦးညာထံသို့ ပို့ဆောင်ပေးရန်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ကော့သောင်း မူးယစ်တပ်ဖွဲ့စုမှ ၁၃၅၀အချိန်တွင် ဦးနောင်ကိုအား ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါစိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ကျော်စွာဝင်းနှင့် ဦးနောင်ကိုတို့အား မင်္ဂလာဒုံမြို့မ ရဲစခန်း မယ(ပ) ၉/၂၀၁၃၊  မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police



0 comments: