မြိတ်မြို့ ကော့လိပ်ကုက္ကို ပရိယတ္တိ စာသင်တိုက်၏ စာအောင် သံဃာ အရှင်သူမြတ်များအား ဓမ္မပူဇာ အခမ်းအနားကို စက်တင်ဘာလ (၁၉) ရက် နေ့လည်(၁)နာရီတွင် အဆိုပါ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပ ရာ ကော့လိပ် ကုက္ကို ပရိယတ္တိ စာသင်တိုက် ပဓာန နာယက ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော် အရှင်မြတ်များ၊ တပည့်တကာ၊ တကာမများ၊ အလှူရှင်များ တက်ရောက် ကြသည်။
ရှေးဦးစွာ တက်ရောက်လာကြသော ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။ ယင်းနောက် ဧည့်ပရိတ်သတ်အပေါင်းတို့က ကော့လိပ်ကုက္ကိုပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် မဟာဂဏ္ဍ၀ါစ ကပဏ္ဍိတ ဘဒ္ဒန္တ တိလောကထံမှ ကိုးပါးသီလ ခံယူဆောက်တည် ကြသည်။
ဆက်လက်၍ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက သာသနာရေး ဆိုင်ရာများ လျှောက်ထားသည်။ ထိုနောက် ကော့လိပ်ကုက္ကို ပရိယတ္တိ စာသင်တိုက်၏ စာအောင် သံဃာများ၊ စာချဆရာတော်များအား တပည့် တကာ/ တကာမများ၊ အလှူရှင်များက လှူဖွယ်ဝတ္တုများနှင့် န၀ကမ္မအလှူတော်ငွေများ ဆက်ကပ် လှူဒါန်း ကြ ပြီး လှူဒါန်းမှု အစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်း လိုက်ကြသည်။
ကော့လိပ် ကုက္ကိုပရိ ယတ္တိစာသင်တိုက်၏ ၁၃၇၄ခုနှစ် ပညာသင်နှစ်တွင် ဓမ္မစရိယတန်း၊ ပထမငယ် တန်း၊ အခြေပြု မူလတန်း၊ အနုလောမတန်း၊ အခြေခံ မူလတန်းနှင့် အခြေခံတန်းတို့မှ ရဟန်း၊ ရှင်သာမဏေ စုစုပေါင်း (၂၃)ပါး အောင်မြင်တော်မူခဲ့ကြောင်း သတင်းရရှိသည်။










0 comments:
Post a Comment