Thursday, September 5, 2013

ကျွန်းစုမြို့နယ် NLD ပါတီဝင်များ စွမ်းရည်မြှင့် သင်တန်း ဖွင့်လှစ်



ကျွန်းစုမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ ပါတီဝင်များ စွမ်းရည်မြင့် သင်တန်း အမှတ်စဉ် (၁/၂၀၁၃) သင်တန်း ဖွင့်ပွဲအား(၄-၉-၂၀၁၃)ရက်နေ့ နံနက် (၀၉၀၀)နာရီ အချိန့်ခန့်တွင် ကျွန်းစုမြို့ပါတီရုံးတွင် ကျင်း ပြုလုပ်ရာ  အခမ်းအနားတွင် ကျွန်းစုမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီနှင့် ကျွန်းစုမြို့နယ် NLD ဥက္ကဋ္ဌ ဦးကိုကိုလေးတို့မှ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။ 




အဆိုပါ  သင်တန်းတွင်  Constitution ၊ Diplomacy ၊ Leadership၊ Democracy ၊ Transition to Democracy၊ Human Right ဘာသာရပ်များအား ပို့ချသွားမည် ဖြစ်ကာ  ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၄) ရက်နေ့မှ (၁၀) ရက်နေ့ အထိ ဖွင့်လှစ်မည်  ဖြစ်ကြောင်းနှင့် သင်တန်းသား (၇၀)ဦးကျော် တက်ရောက်ကြောင်း သိရှိရသည်။

အလားတူ သင်တန်းအား ကျွန်းစုမြို့နယ် ကံမော်ကျေးရွာ တွင်လည်း သင်တန်းဖွင့်လှစ်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments: