Sunday, September 1, 2013

ပန်းချီ ပညာဆိုင်ရာ အသိပညာပေးဟောပြော၍ လက်တွေ့ ပန်ချီဆွဲနည်း သင်ကြား

မြန်မာနိုင်ငံ ပန်းချီ ပန်းပု အစည်းအရုံး(ဗဟို)မှ ပန်းချီပညာဆိုင်ရာ အသိပညာပေးဟောပြောပွဲကို သြဂုတ်လ(၃၁)ရက် နေ့လည်(၁)နာရီတွင် အထက(၁)မြိတ် ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ပန်းချီ ပန်းပု အစည်းအရုံး(ဗဟို) ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြိတ်မြို့နယ် ပန်းချီ ပန်းပု အစည်းအရုံးဝင်များ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ၀ါသနာပါသူများ တက်ရောက်ကြသည်။


 
ရှေးဦးစွာ မြန်မာနိုင်ငံ ပန်းချီ ပန်းပု အစည်းအရုံး(ဗဟို) ဥက္ကဌ ဦးမောင်မောင်လှမြင့်က ပန်းချီပညာ စတင်ဖြစ်ပေါ်လာပုံ၊ 3D , 4D , 5D ပန်းချီများဖြစ်ပေါ်လာပုံ၊ ပန်းချီရေးဆွဲမှုအတတ်ပညာများ၊ အခြေခံ ပန်းချီ ရေးဆွဲနည်းများကို ရှင်းလင်းဟောပြော၍ ပန်းချီ ရေးဆွဲရာတွင် အခြေခံကျသော ပန်းချီကောက်ကြောင်း ရေးဆွဲ နည်းကို လက်တွေ့ သင်ကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ပန်းချီ ပန်းပု အစည်းအရုံး(ဗဟို) ပြန်ကြားရေး တာဝန်ခံ ဦးလှထွန်းအောင်က ရေဆေးပန်းချီရေးဆွဲနည်း လက်တွေ့သင်ကြားပေးပြီး မန္တလေးတောင် ရေဆေး ပန်းချီကားကို ရေးဆွဲပြသရာ ဆရာ/မများ ၊ ကျောင်းသူကျောင်းသူများနှင့် ၀ါသနာပါသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာ သင်ကြား ခဲ့ကြသည်။ ဆက်လက်၍ မြိတ်မြို့နယ် ပန်းချီ ပန်းပု အစည်းအရုံးဥက္ကဌ ဦးကျော်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

0 comments: