Monday, September 30, 2013

တနင်္သာရီ ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး ပစ္စည်းထောက်ပံ့ပေးအပ်


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သစ်တော/သတ္တု ၀န်ကြီးဦးတင်စိုးသည် မြိတ်ခရိုင်အုပ်ချုပ် ရေးမှူး ဦးလွင်ကိုဦး၊ ဌာနဆိုင်များနှင့် အတူ စက်တင်ဘာလ(၂၆)ရက်နေ့ ည(၇း၁၅)နာရီတွင် ချောင်းကြီး ရပ်ကွက် ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေး စခန်းရှိ ရေဘေးသင့်ပြည်သူများ နှင့်တွေ့ဆုံ အားပေးစကား ပြောကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော ဆန် ဆီ မာမားခေါက်ဆွဲထုပ် များ ထောက်ပံ့ပေးအပ် ခဲ့သည်။



စက်တင်ဘာ၂၇ နေ့ နံနက်(၀၇း၁၅)နာရီအချိန်တွင် တိုင်းဒေသကြီးဝန်ကြီးသည် မြိတ်ခရိုင်အုပ်ချုပ် ရေးမှူး ဦးလွင်ကိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ နှင့်ဌာန ဆိုင်ရာများလိုက်ပါ လျက် ချောင်းကြီးရပ်ကွက် အတွင်းရေကြီး နစ်မြှုပ်နေမှုအား စက်လှေဖြင့် လိုက်လံကြည့်ရှုကြပြီး မြို့နယ်ခန်းမ ကယ်ဆယ်ရေး စခန်းရှိ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေး စကားပြောကြားပြီး ဆန် ဆီ မာမားခေါက်ဆွဲ ထောက်ပံ့ပေး အပ်သည်။

ယင်းနောက် တိုင်းဒေသကြီး ၀န်ကြီးသည် မြို့နယ်ပညာရေးမှူးရုံးတွင် တာဝန်ရှိသူများအား မြစ်ရေကြီး မှုကြောင့် ပိတ်ထား ရသည့်ကျောင်းပိတ် ရက်များ အစားထိုးပြန်တက်ရေး၊ ရေတွင်းရေကန် များအား ဆေးခတ် ပေးရေး ၊ ဆရာ/မလိုအပ်ချက်များ အတွက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရသည်။

0 comments: