Tuesday, September 24, 2013

မြိတ်မြို့၌ အလုပ်သမား ကြိုပို့ ယာဉ်တိမ်းမှောက်

မြိတ်မြို့ စက်မှုဇုန်ရှိ အက်ဒမန် ကုမ္ပဏီ၌ အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများအား တင်ဆောင်လာသည့် ကြို/ပို့ ယာဉ် တိမ်းမှောက်မှု မြိတ်မြို့ စန္ဒ၀တ်ကျေးရွာအုပ်စု မြိတ်-ကျွဲကူး ကားလမ်းမကြီးပေါ်ရှိ မဟာသိဒ္ဓိဇယ စေတီတော်အနီးရှိ အဌဂံ စားသောက်ဆိုင် အကွေ့၌ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့ နံနက် (၆)နာရီ ခွဲကျော် အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည်။
 
 
ဖြစ်စဉ်မှာ အက်ဒမန် ကုမ္ပဏီ၌ အလုပ် လုပ်ကိုင်လျက်ရှိသော  မြိတ်မြို့ ပိန္နဲတောင်ကျေးရွာမှ အလုပ်သမား (၅၀) ဦးကျော်ခန့် တင်ဆောင်၍ ယာဉ်မောင်း စိုးလတ်ဦး ၊ အသက် (၂၆)နှစ်၊ (ဘ) ဦးခင်စိုး မောင်းနှင်လာသည့် ကင်တာအမျိုးအစား ယာဉ်အမှတ် (၂ခ/…………. ) သည် ကား အလေး ချို့ယွင်းမှုကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ လက်ယာဘက်သို့ တိမ်းမှောက်သွားခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ကျား (၃) ဦး ၊ မ (၁၄) ဦးသည် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိပြီး မောင်နေလင်းနိုင် အသက် (၁၉)နှစ်၊ (ဘ) ဦးစိုးမြင့် (ဦးခေါင်းကွဲဒဏ်ရာ) နှင့် မဖြိုးသူဇာ အသက် (၂၂)နှစ်၊ (ဘ) ဦးမောင်သန်း (လက်ကျိုးဒဏ်ရာ) တို့မှာ အတွင်းလူနာ အဖြစ် မြိတ်အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments: