Tuesday, September 10, 2013

ဗိုလ်ကြီးဟောင်း နေမျိုးဇင် မြိတ်မြို့သို့ ရောက်ရှိ

မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက် ( Myanmar Social Development Network) မှ ကိုနေမျိုးဇင် (ဗိုလ်ကြီးဟောင်း)သည် မြိတ်မြို့သို့ ယနေ့ စက်တင်ဘာလ (၁၀) ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့မှ တစ်ဆင့် ရွှေထားဝယ် ခရီးသည်တင် မော်တော်ယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး မြိတ်မြို့ ဘုရားကိုးဆူလမ်းတွင် တည်းခို နေထိုင်ကြောင်း သိရှိရသည်။ 




လောလောဆယ်တော့ မိသားစု အကြောင်း တခုကြောင့် ဆွေမျိုးများ ရှိရာ ပင်လယ် ဘက်ကို ခန ခရီးထွက်ပါမယ်။ ဘိုးဘွားဘီဘင် ဆွေမျိုးသားချင်းများ ရှိရာ မြေဆီ မရောက်တာ ကြာပြီမို့ ခန တခေါက် အလည်သွားပါမယ်။ ဒေသ ဗဟုသုတတွေ လေ့လာခဲ့ပါမယ်။ လှပသော ရှုခင်းတွေနဲ့ လှပသော ရှုခင်းတွေကို ပျက်စီးနေစေသော ဖြစ်စဉ်တွေကို မှတ်တမ်း တင်ခဲ့ပါမယ်။ စကားသံ ၀ဲဝဲ နဲ့ ကျနော့် အမျိုး ဘေးဘိုးတို့ အနွယ်တွေ ကို ၀မ်းသာအားရ သွားရောက် တွေ့ဆုံ နှုတ်ဆက်ပါမယ်။ သွားခြင်းကောင်းသော ခရီးစဉ်လေး ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဟု ၄င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

ကိုနေမျိုးဇင်သည် တောင်သူလယ်သမား၊ အလုပ်သမားများ၏ မြေယာ သိမ်းဆည်းခံရသော အမှုများ၊ နစ်နာမှုများအား လိုက်ပါ ကူညီ ဖြေရှင်း ဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်ပြီး အထူးသဖြင့် ကျေးလက် ပြည်သူများ၏ လူမှုဘ၀ ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်သည်။

ဓာတ်ပုံ - nay myo zin FB

0 comments: