Sunday, September 8, 2013

မြိတ်မြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို မြိတ်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းခန်းမဆောင် ၌ စက်တင်ဘာလ(၇)ရက် နေ့လည်(၁)နာရီတွင် ကျင်းပရာ အထက(၂) ကျောင်းအုပ် ဆရာမကြီး ဒေါ်ထူးရွှေ က အမှာစကားပြောကြားသည်။

  



ယင်းနောက် အမှတ်(၅၂) ယာဉ်ထိန်း တပ်ဖွဲ့စုမှူး ဒုရဲမှူးနေ၀င်းက ယာဉ်မောင်းသူများအနေဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး အတွက် လိုက်နာ ရမည့် စည်းကမ်းချက်များ အကြောင်း၊ ယာဉ်တိုက်မှု အန္တရာယ် မဖြစ်စေရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေးအကြောင်း၊ ယာဉ်မတော်တဆမှု များကြောင့် အသက် အန္တရာယ်ဆုံးရှုံးရမှု အကြောင်း တို့ကို ပညာပေးဟောပြောသည်။

ဆက်လက်၍ မြိတ်ခရိုင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ဌေး က ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး အတွက် မော်တော် ယာဉ်မောင်းသူများ၊ မော်တော်ဆိုင်ကယ် စီးသူများ၊ စက်ဘီးစီးသူများ ၊ ခြေကျင် လမ်းလျှောက်သူများ၏ လိုက်နာရမည့် စည်းကမ်း ချက်များနှင့် ယာဉ်မောင်း စဉ်သတိပြုရမည့် သင်္ကေတအမှတ်အသားများ၊ အချက်ပြ မီးများနှင့် အကာ အကွယ်ပေးနိုင်သည့် ဦးထုတ်ဆောင်းနည်းများကို ပညာပေးပြောကြားခဲ့သည်။

ထိုနောက် ကျောင်းအုပ် ဆရာမကြီးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားပြီး အခမ်းအနား ရုပ်သိမ်းလိုက်သည်။ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ ကျောင်းသား/သူ(၆၀၀)ဦးခန့် တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။

iprd myeik

0 comments: