Sunday, September 15, 2013

" ဇိမ် " ကာရာအိုကေဆိုင်အား အရွယ်မရောက် သေးသူများကို အလုပ် စေခိုင်းမှုဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိ

တနင်္သာရီ တိုင်းဒေသကြီး ၊ မြိတ်မြို့ ၊ ကလွင်ကျေးရွာ အုပ်စု၊ တောရကျောင်း ရပ်ကွက် အဝေးပြေး ကားဝင်း အတွင်းတွင် ရှိသော " ဇိမ် "ကာရာအိုကေ ဆိုင်တွင် အရွယ် မရောက်သေးသူ အမျိုးသမီး ငယ်တစ်ဦး အား အလုပ်စေခိုင်းမှု အတွက် ကလေးသူငယ် ဥပဒေအရ ဆိုင်ရှင်အား မြိတ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့မှ ရဲအုပ် သက်နိုင်က စက်တင်ဘာလ ၁ဝ ရက် နံနက် ၁ဝနာရီခွဲ တွင် အမှုဖွင့် တိုင်ကြား သောကြောင့် မြိတ်မြို့မ ရဲစခန်းမှ မပတ(၂၅) အမှတ်စဉ် ၂၁၈/၂ဝ၁၃ဖြင့် အမှုဖွင့်ပြီး မြိတ်မြို့နယ် တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ မြိတ်မြို့နယ် တရားသူကြီး ဒေါ်ဌေးဌေးဝင်း မှ ပြစ်မှုကြီး အမှတ် ၉၁၈/၂ဝ၁၃ ဖြင့် လက်ခံ စစ်ဆေးလျက် ရှိပြီး စက်တင်ဘာ ၂ဝ ရက်နေ့တွင် ရုံးတင် စစ်ဆေးရန် ချိန်းဆို ထားကြောင်း သိရသည်။



ဖြစ်စဉ်မှာ မြိတ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး တပ်ဖွဲ့ စိတ်မှူး ရဲအုပ်သက်နိုင် နှင့် တပ်ဖွဲ့ဝင်များ ၊ ကလွင်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များ ၊ မြို့မ ရဲစခန်းမှ တာဝန်ရှိ သူများနှင့် အတူ မြိတ်မြို့ အဝေးပြေး ကားဝင်း ပထမလမ်းရှိ ကိုညီညီစံ (ခ) သားညီ ပိုင်ဆိုင်သော " ဇိမ် " ကာရာအိုကေ ဆိုင်သို့ ဝင်ရောက် စစ်ဆေးခဲ့ရာ အသေးလေး (ခ) မဝင်းပပ နှင့် အမျိုးသမီး ၃ ဦးအား တွေ့ရှိ၍ မြိတ်တပ်ဖွဲ့ စိတ်မှူးရုံး သို့ ခေါ်ယူ စစ်ဆေးခဲ့ရာ အသေးလေး (ခ) မဝင်းပပ သည် ရန်ကုန်မြို့နေ မနွယ် (ခ) နွဲ့နွဲ့လှိုင်၏ ပို့ဆောင် ပေးမှုဖြင့် " ဇိမ် " ကာရာအိုကေ ဆိုင်သို့ ရောက်ရှိ လာခဲ့ပြီး လစာနှင့် အချိန်ပိုင်း လုပ်ခများ ရရှိကြောင်း ၊ သီချင်းဆို ဧည့်ခံရသော အလုပ်ကို သာလုပ်ပြီး အခြားအလုပ် နှင့် လိင်ပိုင်း ဆိုင်ရာ အဓမ္မ စေခိုင်း ခံရခြင်း မရှိသဖြင့် လူကုန်ကူးမှု ကျူးလွန် ခံရခြင်း မရှိကြောင်း စစ်ဆေး တွေ့ရှိ ရသော်လည်း အသေးလေး (ခ) မဝင်းပပနှင့် အတူ ပါရှိလာသော မနှင်းဆွေရီ (ခ) နှင်းနှင်း (ဘ) ဦးဝင်းဇော် ရွှေပြည်သာ မြို့နယ် နေသူသည် အသက်(၁၄) နှစ်သာ ရှိသေးသော ကလေးအရွယ် ဖြစ်သော ကြောင့် ဆိုင်ရှင်အား အမှုဖွင့် အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း သိရှိရသည်။

ပြည်ချစ်သား


0 comments: