Thursday, September 19, 2013

ကုန်တင် စက်လှေ တစ်စင်း နစ်မြုပ်မှု ဖြစ်ပွား

စက်တင်ဘာ ၁၄ ရက် နံနက် ၆ နာရီခန့်က မော်လမြိုင် မှ မြိတ်မြို့သို့ ဆားကြမ်း ၁၂ဝ တန် ချိန်ခန့် တင်ဆောင် ထွက်ခွာ သွားသော ရွှေတိုးဝင်း စက်လှေ သည် ည ၁၁နာရီခန့်တွင် ရေးမြို့၏ အေ နာက် တောင် ဘက် မိုင် ၂ဝ ခန့် အကွာ ပင်လယ် ပြင်၌ နစ်မြုပ်မှု ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိ သဖြင့် တပ်မတော် (ရေ) မှ စက်တင်ဘာ ၁၅ရက် နံနက် ၈နာရီ ၁၅ မိနစ် ခန့်က သွားရောက် ကယ် ဆယ်ရာ နစ်မြုပ် ခဲ့သည့် စက်လှေ ပေါ်မှ လှေလုပ်သား ၁၃ဦးအား ခန့်ထူး အမည်ရှိ ပိုက်ကြီး လှေမှ ကယ်ဆယ် ထားသည် ကို ဝါးကျွန်း အနောက်ဘက် ၆ မိုင်ခန့် အကွာ တွင် တွေ့ရှိ ခဲ့သဖြင့် တပ်မေ တာ် (ရေ) မှ ကယ်ဆယ်ရေး အဖွဲ့များ က အဆိုပါ ရေလုပ်သားများ အား လွှဲပြောင်း လက်ခံ ရယူ ကာ လိုအပ်သည့် 


ကျန်းမာရေး စောင့် ရှောက် မှုများ ဆောင်ရွက် ပေးခြင်း၊ အဝတ် အထည် များနှင့် စားသောက်ဖွယ် ရာ များ ပေးအပ် ခဲ့ပြီး ညပိုင်းတွင် ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ တစ်ဆင့် ပြန် လည် လွှဲပြောင်း ပေးခဲ့ ကြောင်း သတင်း ရရှိသည်။

MWD

0 comments: