Friday, September 6, 2013

မြိတ်မြို့၌ Mobile Team (ရန်ကုန်) ဆောင်ရွက်မည့် အစီအစဉ် နှင့်ပတ်သက်၍ အသိပေး ရှင်းလင်း



Mobile Team (ရန်ကုန်) ဆောင်ရွက်မည့် အစီအစဉ်နှင့် ပတ်သက်၍ အသိပေး ရှင်းလင်းပွဲကို စက်တင်ဘာလ (၆)ရက် နံနက်(၁၀)နာရီတွင် မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ ဌာနဆိုင်ရာများ၊ ကုန်သည် လုပ်ငန်းးရှင်များ၊ မော်တော်ယာဉ် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။





ရှေးဦးစွာ နယ်စပ် ကုန်သွယ်ရေး စခန်း(မြိတ်) ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူ ရေးရာဦးစီး ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုးက တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ ကုန်းတွင်းပိုင်းမှ ၀င်ရောက်လာသော ကုန်ပစ္စည်းများ တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အတွက် Mobile Team (ရန်ကုန်)ဖြင့် မကြာမီ ကာလအတွင်း စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းသို့ ရှင်းလင်း ပြောကြားရာတွင် ကုန်သွယ် လုပ်ငန်းများ လုပ်ကိုင်ရာတွင် ပို့ကုန် ID အရေ အတွက်ထက် ပိုမိုတင်ဆောင်သော ကုန်ပစ္စည်းများ၊ အမျိုးအမည် ကွဲလွဲသော ကုန်ပစ္စည်းများ၊ ကန့်သတ် ကုန်ပစ္စည်းများ စစ်ဆေး တွေ့ရှိရလျှင် တင်ဆောင် လာသော ယာဉ်နှင့် ကုန်ပစ္စည်းများကို သိမ်းဆည်း သွားမှာ ဖြစ်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပို့ကုန် သွင်းကုန် ဥပဒေများ အကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

ယင်းနောက် တက်ရောက် လာကြသော ကုန်သည် လုပ်ငန်းရှင်များနှင့် မော်တော်ယာဉ် လုပ်ငန်း ရှင်များက သိလိုသည်များ မေးမြန်းကြရာ ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးနှင့် မြို့နယ်အကောက်ခွန် ဦးစီးဌာနမှူး ဦးဇော်ဇော်တို့က ပြန်လည် ရှင်း လင်း ဖြေကြား ခဲ့ကြောင်း သတင်းရရှိသည်။
IPRD MYEIK

0 comments: