Tuesday, September 24, 2013

တနင်္သာရီမြစ်ရေ တတိယအကြိမ် မြင့်တက်

တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် အတွင်း စက်တင်ဘာလ ယခု ရက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းလျက် ရှိသဖြင့် တနင်္သာရီ မြို့နယ် အတွင်းရှိ ချောင်းဖျား မြစ်ရေကြီးကာ တနင်္သာရီ မြစ်ရေ တတိယအကြိမ် မြင့်တက် လာခဲ့ကြောင်း စက်တင်ဘာ ၂၂ ရက် ညနေ ၅ နာရီ အချိန်တွင် တိုင်းထွာချက် အရ မြစ်ရေသည် စိုးရိမ်ရေ အမှတ် အထက်သို့ ၂ ပေ ၁ဝ လက်မ ကျော်လွန်၍ ၁၉ ပေ ၁ဝ လက်မ (၆၄ဝ ဒသမ ၅၂) စင်တီမီတာသို့ ရောက်ရှိ နေပြီဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ဦးစီးဌာနမှ သိရသည်။

ယင်းသို့ တနင်္သာရီ မြစ်ရေ မြင့်တက် ခဲ့မှုကြောင့် တနင်္သာရီမြို့ ၊ ချောင်းငယ် ရပ်ကွက်၊ သီတာလမ်း နှင့် ရိပ်သာလမ်းဆုံ တွင် ရေအနက် ၃ ပေ ၂ လက်မ ၊ ချောင်းကြီး ရပ်ကွက် ရွှေလိပ်ပြာလမ်း တွင် ၂ ပေ ၂ လက်မ ရောက်ရှိနေပြီး မြစ်ရေ မြင့်တက် လာခြင်းကြောင့် မြစ်ချောင်း တစ်လျှောက်ရှိ ကျေးရွာများ တွင်လည်း ရေလျှံမှုများ ဖြစ်ပေါ် နေသည်။ အဆိုပါ မြစ်ရေသည် မြို့၏ အန္တရာယ် ရေအမှတ်မှာ ၂၄ ပေ (၇၃၁ ဒသမ ၅၂)စင်တီမီတာ ဖြစ်ကြောင်း သိရှိရသည်။
မြိတ် ၊ ၂၄-၉-၂၀၁၃

0 comments: