Friday, September 6, 2013

ကျောင်းပြင်ပ မူလတန်း ပညာရေးလုပ်ငန်း စခန်းဖွင့်ပွဲ မြိတ်မြို့၌ ပြုလုပ်

မြိတ်မြို့နယ်အတွင်း ကျောင်းပြင်ပ မူလတန်း ပညာရေး လုပ်ငန်း အခြေစိုက် စခန်း (၆) ခု ဖွင့်လှစ်ခြင်း အခမ်းအနားအး ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့ မွန်းလွဲ (၁)နာရီ အချိန် မြိတ်မြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာ ခန်းမ၌ ပြုလုပ်ကျင်းပရာ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြိတ်ခရိုင်ပညာရေးမှူး ဦးကြည်သန်း၊ မြိတ်မြို့နယ် ပညာရေးမှူး ဦးဗိုလ်မောင်နှင့် ကျောင်းအုပ်ကြီးများ၊ အခြေစိုက်စခန်း (၆)ခုမှ ကြီးကြပ်ရေးမှူးများ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့သည်။ 




အခမ်းအနားတွင် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် မြိတ်ခရိုင် ပညာရေးမှူး ဦးကြည်သန်းတို့က ကျောင်းပညာ မူလတန်း ပညာရေး လုပ်ငန်းနှင့် ပတ်သက်ပြီး အမှာစကား ပြောကြားပြီး မြိတ်မြို့နယ် ပညာရေးမှူး ဦးဗိုလ်မောင်က ကျောင်းပြင်ပ မူလတန်း ပညာရေး လုပ်ငန်း စခန်းအတွက် ဆောင်ရွက် ထားရှိမှု အခြေအနေများ၊ အခြေစိုက် စခန်း (၆)ခုတွင် ကြီးကြပ်ရေးမှူး (၄)ဦး၊ ဆရာ/ ဆရာမ (၁၃) ဦးတို့က ပထမ အဆင့် ကျောင်းသား /သူ (၆၈)ဦး၊ ဒုတိယ အဆင့် ကျောင်းသား/သူ (၅၅) ဦးတို့အား မူလတန်း ပညာ သင်ကြား ပေးနေမှု အခြေအနေများကို  ရှင်းလင်း ဆွေးနွေးခဲ့သည်။ 

ဆက်လက်ပြီး စေတနာရှင်များက ကျောင်းပညာ ပညာရေး လုပ်ငန်းအတွက် အလှူငွေများ လှူဒါန်းရာ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက လက်ခံရယူပြီး အခြေစိုက်ခန်း (၆)ခုမှ ကြီးကြပ်ရေးမှူးများအား တာဝန်ပေးအပ်လွှာများ ပေးအပ်သည်။ ထိုနောက် မြိတ်ခရိုင်ပညာရေးမှူး ဦးကြည်သန်းက စွမ်းဆောင်ရည် ကောင်းမွန်သည့် အခြေစိုက်စခန်းများမှ ကြီးကြပ်ရေးမှူးများအား ဆုချီးမြှင့်ကာ ကျောင်းသား ကျောင်းသူများအား သင်ယူပြီးမြောက်ခြင်း လက်မှတ်နှင့် အလယ်တန်း အဆင့် တက်ရောက်မည့် ထူးချွန် ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်သည်။ 

ထိုနောက် ကျောင်းသား  မောင်ကျော်ဇင်အောင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး   ကျောင်းသူ ကျောင်းသားများက ““ ကလေးများ အတွက် ဒီနေ့ ””  သီချင်းသီဆိုကာ အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

0 comments: