Monday, September 2, 2013

မြိတ်မြို့နယ် ကျန်းမာရေး ကွန်ယက် တစ်နှစ်ပြည့် အခမ်းအနား ကျင်းပ




မြိတ်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကျန်းမာရေး ကွန်ရက်(၁)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအား (၁.၉.၂၀၁၃)ရက်နေ့ နေ့လည်(၁)နာရီတွင် ကန်ဖျားနယ်မြေ ဦးစောဂျက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီနှင့် ၊ မြိတ်ခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးသန်းနွယ်၊ မြို့နယ်ဥက္ကဌ ဦးဖြိုးဝင်းထွန်း တို့မှ အမှာစကား ပြောကြားခဲ့သည်။ 




ထိုနောက် ကျန်းမာရေး ကွန်ရက် အဖွဲ့ဝင် ကိုရဲဇွန်နိုင်(ခ) ဂျိတ်မှ ကျန်းမာရေး ကွန်ရက် စတင် ဖြစ်ပေါ်လာပုံ ၊ ဒေါက်တာ လင်းဝေဖြိုးမှ ခရီးစဉ် အတွေ့အကြုံများ၊ ဒေါက်တာ ကျော်စွာဦး မှ ကျန်းမာရေး ကွန်ရက် ခရီးစဉ်တွင် ကြုံတွေ့ရသော ထူးခြား လူနာများ အကြောင်း တို့ကို  ရှင်းလင်း ပြောကြား ခဲ့သည်။ 

ပြီးနောက် အလှူရှင်များ၊ ကူညီပေးခဲ့ကြသော ဆရာဝန်များ၊ သူနာပြု ဆရာမများ၊ အဖွဲ့ချုပ် အဖွဲ့ဝင်များအား ဂုဏ်ပြု လက်မှတ်များ အသီးသီးပေးအပ်ကာ ကျန်းမာရေး ကွန်ရက် အဖွဲ့ဝင် ဦးဥက္ကာမင်းမှ ကျေးဇူးတင် စကားပြောကြားပြီး အခမ်းအနားအား မျှော်လင့်သောနေ့ တေးသီချင်းဖြင့် သီဆို ဂုဏ်ပြုပြီး ရုတ်သိမ်းခဲ့ ကြောင်း သတင်း ရရှိပါသည်။

0 comments: