Sunday, September 15, 2013

၂၀၁၃ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၂၀၁၃ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ(၁၅)ရက် နေ့လည် (၁)နာရီတွင် အထက(၁)မြိတ် ပညာ့ဗိမာန်ခန်းမတွင် ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ/မနှင့် ကျောင်းသားကျောင်းသူများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။



ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကားပြောကြား သည်။ ယင်းနောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဌမှ ပေးပို့သော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ သ၀ဏ်လွှာအား မြိတ်မြို့နယ် ကြက်ခြေနီအသင်း ဒုတိယ ဥက္ကဌ မြို့နယ်ပညာရေးမှူး ဦးဗိုလ်မောင်က ဖတ်ကြားသည်။

ထိုနောက် ကျွန်းစုမြို့နယ် ၀ဲကျွန်းမီးဘေး ကယ်ဆယ်ရေးနှင့် တနင်္သာရီရေဘေး ကယ်ဆယ်ရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သော တပ်ဖွဲ့ဝင်များအား မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာ ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ကြီးမှူးကျင်းပသော Leadership သင်တန်းနှင့် အိမ်တွင်း အန္တရာယ် ကင်းရှင်းရေး ရှေးဦးပြုစုခြင်း သင်တန်းများတွင် ထူးချွန်ဆု ရရှိသူများ၊ ၂၀၁၃ခုနှစ် ထူးချွန်ကြက်ခြေနီ လူငယ် တွေ့ဆုံပွဲတွင် ထူးချွန်ဆုရရှိသူ၊ (၃၉)ကြိမ်မြောက် သွေးလှူရှင် ဂုဏ်ပြုဆု၊ တက္ကသိုလ်ဝင်တန်း ထူးချွန်စွာ အောင်မြင်သူများ၊ ရှေးဦးပြုစုခြင်း (အခြေခံ) အဆင့် သင်တန်းနှင့် ရှေးဦးပြုစုခြင်း ဆရာမများ သင်တန်းတို့တွင် ထူးချွန်ဆုရရှိသူများကို မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး နှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး အခမ်းအနား ရုပ်သိမ်းသည်။

အခမ်းအနားအပြီးတွင် တက်ရောက် လာကြသူများက ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၏ လှုပ်ရှားမှု မှတ်တမ်း ဓာတ်ပုံများကို ကြည့်ရှုအားပေးကြကြောင်း သတင်းရရှိသည်။
IPRD MYEIK

0 comments: