Monday, September 23, 2013

ယိုးဒယား ငါးခိုးလှေအား လက်နက်များနှင့်အတူ ကမ်းခြေစောင့် တိုက်ရေယာဉ်မှ ပစ်ခတ်ဖမ်းဆီးရမိ


တနသာင်္ရီ ရေတပ်စခန်း ဌာနချုပ်၊ အမှတ်(၅၇) ရေတပ်အခြေစိုက်စခန်း (ဇာဒက်ကြီး)ကွပ်ကဲမှုအောက်ရှိ စစ်ရေယာဉ်မှူး ဗိုလ်မှူးဇော်ဇော်ကျော် ဦးစီး ကမ်းခြေစောင့် တိုက်ရေယာဉ် (၄၂၆) မှ ၂၁.၉.၂၀၁၃ ရက်နေ့ ၀၂၃၀ အချိန်ခန့်တွင် မြန်မာ့ရေပိုင်နက် အတွင်း ငါးခိုးဝင်ဖမ်းသော ယိုးဒယားငါးခိုး ၀ါးလတ် ယာနား သံသီးပါ ၀ဲဘက် အစီး လက်ကူးလှေအား US Rifle, Cal .30 M1 အမျိုးအစား သေနတ် (၁)လက်၊ ၀.၃၀ လက်မ ကျည် ၈ တောင့်ပါ ကျည်ကဒ် ၂၈ ခုနှင့် ၀.၃၀ လက်မ ကျည်စုစုပေါင်း (၂၂၀)တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 



ဖြစ်စဉ်မှာ တောင်တရုတ် ပင်လယ်ပြင် အတွင်းဖြစ်ပေါ်နေသော USAGI နှင့် PABUK မုတ်သုန် မုန်တိုင်း သတိပေးချက်များ အမြင့်ဆုံး ထုတ်ပြန်ထားချိန် (လှိုင်းအမြင့် ၂ မက်မှ ၃ မက်ကျော်) ကြေညာထားသည့် ရာသီဥတု လှိုင်းလေပြင်းထန်ပြီး မိုးသက်မုန်တိုင်းများ သည်းထန်စွာ ကျရောက်နေချိန်တွင် ယိုးဒယား ငါးခိုးဝါးလတ်လှေမှ မြန်မာ့ စစ်ရေယာဉ်အား လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ကာ နှစ်ဘက် အပြန်အလည် ထိတွေ့ပစ်ခတ်မှုများ အကြားမှ စစ်ရေယာဉ်၊ လူ၊ လက်နက် အထိအခိုက် အကျအဆုံး၊ အပျက်အစီးမရှိဘဲ မြန်မာ့ရေပိုင်နက် အတွင်းသို့ အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းနေသော ယိုးဒယားငါးခိုးဝါးလတ် လက်ကူးလှေအား တရားခံမဲ့ဖမ်းဆီးရမိခဲ့သည်။

ယခုအချိန်တွင် စစ်ရေယာဉ် (၄၂၆) သည် ဇာဒက်ကြီးစခန်းအတွင်း ရောက်ရှိ အခြေပြုကာ နှစ်ဖက် အပြန်အလှန် ထိတွေ့ပစ်ခတ်မှုဖြစ်စဉ် အတွင်း စစ်ရေယာဉ်အား ပြန်လည်ကြံ့ခိုင်မှုများပြုလုပ်လျက်ရှိနေ ပါသည်။

ကမ်းခြေစောင့် တိုက်ရေယာဉ် (၄၂၆) မှ ဖမ်းဆီးရမိခဲ့သော တရားမ၀င် ငါးခိုး ၀ါးလတ်လှေသည် ကော့သောင်း မြို့နယ် ဆလုံကျွန်း အနောက်ဘက် ရေတိမ်ကုန်းနေရာများ၊ ဇာဒက်ကြီး ကျွန်းအရှေ့ဘက် ရေပြင်နှင့် ယိုးဒယားရေစပ်မျဉ်း တစ်လျှောက်၊ ငှက်သိုက်ကျွန်းနှင့် ကြက်မောက် ကျွန်း ၀န်းကျင်နေရာများသို့ အုပ်စုလိုက် အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းလေ့ရှိပြီး ဒေသခံမြန်မာ ပိုက်လှေငယ်များ၊ မြန်မာငါးဖမ်းလှေငယ်များ၊ ငါးမြှုန်းလှေငယ်များအား မကြာခဏ ဆိုသလို လက်နက်ဖြင့် ပစ်ခတ်ခြိမ်းခြောက် အနိုင်ကျင့်နေသည့် ယိုးဒယားနိုင်ငံ ရနောင်းခရိုင်မှ လိုင်စင်မဲ့ ငါးခိုးလှေများအုပ်စု အနက်မှ (၁)စီးဖြစ်ကြောင်း သတင်းရရှိသည်။

0 comments: