Friday, September 13, 2013

မြိတ်မြို့၌ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အထိမ်းအမှတ် အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို စက်တင်ဘာ လ (၁၃)ရက် နံနက်(၈)နာရီတွင် မြိတ်မြို့ အထက(၁) ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ မြိတ်ခရိုင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ဥက္ကဌ၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကားပြောကြားသည်။






ယင်းနောက် ခရိုင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ ဒုတိယဥက္ကဌ၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ရွှေညာမောင်က လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေအကြောင်းနှင့် မြိတ်ခရိုင် အတွင်း လူကုန် ကူးမှုတားဆီး ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခရိုင်အဆင့် စာစီစာကုံး ၊ ပန်းချီ ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား /သူများနှင့် ခရိုင်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း ပြိုင်ပွဲများတွင် ပါဝင်ကူညီ ကြီးကြပ်ဆောင်ရွက်ပေးခဲ့သူများအား ဂုဏ်ပြုဆုများကို မြိတ်ခရိုင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ဥက္ကဌ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယ ဥက္ကဌ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်း အနား ရုပ်သိမ်းပါသည်။

အခမ်းအနား အပြီးတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပညာပေး နံရံကပ်စာစောင်များ နှင့် ဓာတ်ပုံ ပြခန်းအား တက်ရောက်လာကြသော ဌာနဆိုင်ရာ များ၊ မြိတ်ခရိုင် လူကုန်ကူးမှု တားဆီး ကာကွယ် ရေးအဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ က ကြည့်ရှုအားပေး ခဲ့ကြ ကြောင်း သတင်းရရှိသည်။

0 comments: