Friday, September 6, 2013

ပုဇွန်ဖောင်တိုင်စိုက်ထူရန် ရေထဲသို့ရေဆင်းငုပ်ရာမှ ရေနစ်သေဆုံး

ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ မစမ်းပါးကျေးရွာတွင် ၂၀၁၃ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ ၁၅၃၀ နာရီအချိန်ခန့်တွင် မစမ်းပါးကျေးရွာနေ စိုးလွင် အသက်(၃၂)နှစ်၊ အဘ ဦးအုန်းမြင်၊ ဗမာ၊ ဗုဒ္ဓ ရေလုပ်သား လုပ်ကိုင်သူမှာ မစမ်းပါးကျေးရွာ အနီး ဇ၀ဲပေါက်၊ လူသေချောင်း ကမ်းရေပြင်တွင် ပုဇွန်ဖောင်တိုင် စိုက်ထူရန်အတွက် ရေထဲသို့ဆင်းငုပ်ရာမှ ပျောက်ဆုံးနေ၍ လိုက်လံရှာဖွေခဲ့ရာ စက်တင်ဘာလ ၄ ရက်နေ့ ၀၈၀၀ နာရီအချိန်ခန့်တွင် အခင်းဖြစ်ပွားရာနေရာ အရှေ့ဘက် ၁ ဖာလုံခန့်အကွာ ရေပြင်တွင် ပက်လက်လန်သေဆုံးနေသော အလောင်းအား တွေ့ရှိခဲ့သည်။

သေဆုံးသူ ဦးစိုးလွင်၏ အလောင်းတွင် နှာခေါင်း၊ ပါးစပ်တွင် သွေးများ ယိုစီးထွက်နေခြင်း၊ ခြေသည်း လက်သည်းများ ညိုမည်းနေခြင်း၊ နားနှစ်ဖက်တွင် ငါးကိုက်ခံထား ရသည်ဟု ယူဆရသော ပွန်းပဲ့ ဒဏ်ရာများမှ အပ အခြားဒဏ်ရာများ မတွေ့ရှိရဘဲ ရေနစ်သေဆုံးသည့် လက္ခဏာဖြင့် သေဆုံးနေသည်ကို တွေ့ရှိ ရသဖြင့် ကျွန်းစုမြို့နယ်၊ ရဲစခန်းမှ ဒုရဲအုပ် တင်ဌေးက ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်သိရှိနိုင်ရေး အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
IPRD MYEIK

0 comments: