Sunday, September 1, 2013

မြိတ်အကျဉ်းထောင်တွင် ထောင်လှန့်ဇာတ်တိုက် လေ့ကျင့်

အကျဉ်းဦးစီးဌာန မြိတ်အကျဉ်းထောင်တွင် ထောင်လှန့် ဇာတ်တိုက် လေ့ကျင့်ခြင်းကို စက်တင်ဘာလ (၁)ရက် မွန်းတည့်(၁၂)နာရီတွင် ကျင်ပရာ အကျဉ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညွှန့်ဝင်းက ထောင်လှန့်ဇာတ်တိုက်လေ့ကျင့်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

 

ယင်းနောက် ထောင်လှန့် ဇာတ်တိုက် လေ့ကျင့်ခြင်းကို မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာ မောင်နှင့် တပ်ဖွဲ့ဝင်(၄၂)ဦး၊ အကျဉ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညွှန့်ဝင်းနှင့် ၀န်ထမ်း(၄၅)ဦး၊ မြိတ်ခရိုင် မီးသတ်ဦးစီး ဌာနမှူး ဦးဇော်ဝင်းနှင့် သန္ဓေ အရန်မီးသတ် တပ်ဖွဲ့ဝင် (၅၉)ဦးနှင့် မီးသတ်ယာဉ်(၃)စီး ၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ မြိတ် အကျဉ်းထောင် အတွင်း ထောင်လှန့် ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
iprd myeik

0 comments: