Wednesday, September 4, 2013

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုး လွှတ်တော် ကိုယ်စားလှယ်များ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပြီး လွှတ်တော် အတွေ့အကြုံ ရှင်းလင်း

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြိတ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၏ လွှတ်တော် အတွေ့အကြုံ ရှင်းလင်းခြင်းကို ၂၀၁၃ ခုနှစ် ၊ စက်တင်ဘာလ (၄) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် မြိတ်မြို့ ဆိပ်ငယ်ရပ် ဗိုလ်ချုပ်လမ်းရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်၏ နေအိမ် အစည်းအဝေးခန်းတွင် ပြုလုပ်ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ၀ဏ္ဏကျော်ထင် ဦးဌေးမြင့် ၊ မြိတ်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှန်နှင့် ဦးမိုးမြင့် ၊ တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် ပါတီ ကော်မတီဝင်များ ၊ ရပ်ကွက်/ ကျေးရွာအုပ်စု စည်းရုံးရေးမှူးများနှင့် ပါတီဝင်များ စုစုပေါင်း အင်အား (၁၂၀) ဦး တက်ရောက်ကြသည်။ 

အခမ်းအနားတွင် လွှတ်တော် ကိုယ်စားလှယ်များမှ ၄င်းတို့ တက်ရောက်ခဲ့သည့် လွှတ်တော် များတွင် ဆောင်ရွက် ခဲ့သည့် ဥပဒေပြု လုပ်ငန်းများ အခြေအနေ၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှု အခြေအနေ၊ နိုင်ငံတော် ဘတ်ဂျက် အခြေအနေ၊ စီးပွားရေး ဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်မှု အခြေအနေ၊ ပြည်သူ အသံ လွှတ်တော် အသံ၊ ပြည်သူ ဆန္ဒ၊ လွှတ်တော် ဆန္ဒ၊ ပြည်သူတို့၏ လိုလားချက် လွှတ်တော်က ဖော်ဆောင်ရွက် ဟူသော ဆောင်ပုဒ်နှင့် အညီ ပြည်သူလူထု ဆန္ဒ လိုလားချက်များအား အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ 

ထိုနောက် တွေ့ဆုံပွဲ တက်ရောက်လာကြသူများက မိမိတို့ ရပ်ကွက်/ ကျေးရွာများရှိ ပညာရေး၊ ကျန်းမာရေး ၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး ကိစ္စများ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး တင်ပြရာ လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်တွင် တင်ပြ၍လည်းကောင်း၊ သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် အုပ်ချုပ်ရေး အဖွဲ့ အစည်းများကို တင်ပြ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားပြီးနောက် တွေ့ဆုံပွဲ အခမ်းအနားအား (၁၁)နာရီ (၄၅) မိနစ်တွင် ရုပ်သိမ်းခဲ့သည်။

UPDP MYEIK 



0 comments: