Saturday, August 31, 2013

ရှေးဦးပြုစုခြင်း ဆင့်ပွားသင်တန်း ဆင်းပွဲ အခမ်းအနား

မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့် ပညာရေးဝန်ကြီး ဌာနတို့ ပူးပေါင်းလျက် ရှေးဦးပြုစုခြင်း လုပ်ငန်းများ တတ်မြောက်၍ လူထု အတွင်းရှေးဦးပြုစုခြင်း အကျိုးပြုလုပ်ငန်းများ ကူညီဆောင်ရွက် နိုင်ရန် ရည်ရွယ်၍ ရှေးဦး ပြုစုခြင်း (ဆင့်ပွား)သင်တန်း (၁/၂၀၁၃)ကို သြဂုတ်၂၉ ရက် နံနက်(၁၀)နာရီတွင် အထက- တနင်္သာရီ ပညာ ရတနာ ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ သင်တန်းသူ/သားများက ကြက်ခြေနီသီချင်းဖြင့် အခမ်းအနားကို သီဆို ဖွင့်လှစ်ကြသည်။

 

ယင်းနောက် တနင်္သာရီမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့- တပ်ရင်းမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင် က ကြက်ခြေနီ အခြေခံမူ (၇)ချက်နှင့် ရှေ့လုပ်ငန်း စဉ်များ အကြောင်း အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီ အသင်းဥက္ကဌ (ကိုယ်စား)လက်ထောက်ဆရာဝန် Drမျိုးဇော်ဦးက ထူးချွန် ထက်မြက်သည့် ကြက်ခြေနီများ ဖြစ်အောင် ကြိုးစားကြစေ လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တနင်္သာရီတိုင်း ဒေသကြီးကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ဦးစီးမှူး(ဒုတိယတန်း)ဒေါ်အေးအေး သန်း မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း တင်ပြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ က မှ သင်တန်း ထူးခွန်ဆုနှင့် သင်တန်းဆင်း လက်မှတ်နှင့် ဂုဏ်ပြု လက်ဆောင်ဝတ်စုံများကို အသီးသီး ပေးအပ် ချီးမြှင့်ကြသည်။ ထိုနောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သင်တန်းသူ/သားများ အတွက် ချီးမြှင့်ပေးအပ်သည့် ခါးပတ်ပါ ဆေးအိတ် တစ်အိတ်စီ ကို တိုင်းဒေသကြီးကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ဦးစီးမှူး (ဒုတိယတန်း)နှင့် တာဝန် ရှိသူများ က ပေးအပ်ပြီး အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
IPRD MYEIK

0 comments: