Tuesday, July 2, 2013

သာသနရက္ခိတ ဓမ္မဗိမာန်တော် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

အလှူရှင် ကျောင်းဒါယကာ (ဦးကြည်စန်း) + ဒေါ်ခင်ရီ၊ သား ကိုသန်းဟို+ မနုနုဌေး ဘုရင့်မ မာဆလာ မိသားစုမှ ငွေကျပ် သိန်း ၂၅၀ ကျော် ဦးဆောင် မတည်၍ ဒါယကာ၊ ဒါယိကာမများ စုပေါင်းလှူဒါန်းသော ငွေကျပ် သိန်း ၈၅၀ ကုန်ကျခံ တည်ဆောက်ခဲ့သည့် အလျား ၁၀၈ ပေ၊ အနံ ၅၄ ပေ ၊အမြင့် ၁၅ ပေရှိ သာသနရက္ခိတ နိဗ္ဗာန်တော်ကြီး၏ ရေစက်ချ အလှူတော် မင်္ဂလာ အခမ်းအနားနှင့် ဆရာတော် ဘဒ္ဒန္တ ပညောဘာသ၏ သက်တော် (၄၀) ပြည့် ၀ိဇာတ မွေးနေ့အလှူမင်္ဂလာ အခမ်းအနားကို ဇွန် ၃၀ ရက် နံနက်(၈) နာရီတွင် တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ အထက်ရေပုန်းရပ် ဘုံပျံကျောင်းတိုက် သာသန ရက္ခိတ ဓမ္မဗိမာန် တော်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားသို့  တက်ရောက် လာကြသူများက နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရား ကန်တော့၍ ဖွင့်လှစ်သည်။ ထိုနောက် ခရူပင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ လာဘ၀ံသထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြပြီး ဓမ္မဗိမာန်တော် အလှူရှင်များအား ဆရာတော် ဘဒ္ဒန္တ ပညောဘာသက သာဓု အနုမောဒန ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။  ဆက်လက်၍ သြ၀ါဒ စရိယ ဆရာတော်ကြီးများအား အလှူရှင် များက လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းသည်။ ယင်းနောက် ဗိမာန်တော် ဖြစ်မြောက်ရေး အကျိုးဆောင် တစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး ရွှေကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပညိန္ဒာစာရထံမှ ရေစက်ချ အနုမောဒန တရားနာယူကာ ဗုဒ္ဓသာသနံ စိရံတိဋတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။


0 comments: