Sunday, July 21, 2013

သရက်ချောင်းမြို့၌ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ



၁၈-၇-၂၀၁၃ ရက်နေ့ ၁၇၄၅ အချိန် တနင်္သာရီ တိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကဇိတံတားဦး ကျေးရွာနေ ဦးသိန်းအောင် (၅၅)နှစ်၏ နေအိမ်အား သတင်းအရ ထားဝယ် ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မူးယစ်(အထူး) အဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ၀င်ရောက်ရှာဖွေ ခဲ့သည်။ ထိုသို့ ရှာဖွေစဉ် ဦးသိန်းအောင်၏ သမီးဖြစ်သူ မဟေမာအောင်(၂၆)နှစ် ၀တ်ဆင်ထားသည့် ထဘီ အတွင်းမှ အထုပ် ၁ ထုပ် ထွက်ကြလာ သဖြင့် သက်သေများရှေ့ ဖွင့်ဖောက် စစ်ဆေးရာ အအေးစုပ် ပိုက်ငယ် အတွင်း ထည့် ထားသည့် တစ်ဖက်တွင် ၈၈ ၊အခြား တစ်ဖက်တွင် ၁ စာတမ်းပါ ပန်းရောင် စိတ်ကြွ ဆေးပြား ၁၇ ပြားနှင့် အစိမ်းရောင် ဆေးပြား ၁ ပြား၊ စုစုပေါင်း ၁၈ ပြား တွေ့ရှိရပြီး ၄င်း ကိုင်ဆောင်သော လက်ကိုင်ဖုန်း အမှတ် ၀၉-xxxxxxx နှင့်အတူ သိမ်းဆည်း ရမိ ခဲ့သည်။


 ထို့ပြင် နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ် အပေါ်ထပ်၊ မှန်ဘီဒိုအောက်၊ ယာဘက်ထောင့်မှ အမြင့် ၁၀ လက်မခန့်ရှိ San Sheng တံဆိပ်ပါ အစိမ်းရောင် ပလပ်စတစ်ဗူး အတွင်း အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထားသော တစ်ဖက်တွင် ၈၈ ၊ အခြား တစ်ဖက်တွင် ၁ စာတမ်းပါ ပန်းရောင် စိတ်ကြွ ဆေးပြား ၂၀၀ ပြားစီပါ ၈ ထုပ်နှင့် ၁၈၅ ပြားပါ ၁ ထုပ်၊ စုစုပေါင်း ဆေးပြား ၁၇၈၅ ပြားနှင့် bongio တံဆိပ်ပါ အပြာရောင် ခရီးဆောင်အိတ် အတွင်းမှ မြန်မာငွေကျပ် ၂၉ သိန်းအား ထပ်မံ ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည့် အပြင် နေအိမ်အောက်ထပ် ဦးသိန်းအောင်နှင့် ဇနီး မနီနီလွင်တို့၏ အိပ်ခန်း ကုတင်ဘေးတွင် ချိတ်ထားသော BONE ONE တံဆိပ်ပါ ကာကီရောင် ဂျင်းအိတ်အတွင်းမှ အမြင့် ၄ လက်မခန့်ရှိ အနီရောင်အဖုံးပါ အဖြူရောင် ပလပ်စတစ် ဗူးအတွင်း အအေးစုပ်ပိုက်ငယ်ဖြင့် ထည့်ထားသော တစ်ဖက်တွင် ၈၈ ၊ အခြားတစ်ဖက်တွင် ၁ စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၃၄ ပြား နှင့် ဦးသိန်းအောင် ကိုင်ဆောင်သည့် လက်ကိုင်ဖုန်း အမှတ် ၀၉-xxxxxxx တို့အား သိမ်းဆည်း ရမိခဲ့သည်။

သို့ဖြစ်၍ စိတ်ကြွ ဆေးပြား ၁၈၃၇ ပြား၊ အလေးချိန် ၁၈၃.၇ ဂရမ်၊ တန်ဘိုးငွေကျပ် ၉၁၈၅၀၀၀ိ/-နှင့် မြန်မာငွေကျပ် ၂၉ သိန်း၊ လက်ကိုင်ဖုန်း ၂ လုံးတို့အား သိမ်းဆည်း ရမိခဲ့သဖြင့် ဦးသိန်းအောင်ပါ ၃ ဦး အား သရက်ချောင်း မြို့မ ရဲစခန်း မယ(ပ)၁/၂၀၁၃၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာဥပဒေ ပုဒ်မ ၁၅/ ၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည်

0 comments: