Wednesday, July 24, 2013

မြိတ်ပြည်ခိုင်ဖြိုးပါတီ ၀ါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ ကျင်းပ



မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးစီး၍ ပါတီဝင်များမှ စုပေါင်းပြီး ၀ါဆို သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအား ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့ နံနက် ပိုင်းတွင် မြိတ်မြို့ ဆိပ်ငယ်ရပ် ခရိုင် ပါတီရုံး၌ ကျင်းပပြုလုပ်ရာ မြိတ်မြို့ တောကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ တေဇောဘာသာ အမှူးပြုသော ဆရာတော် သံဃာတော်များ နှင့် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီးဌာန တိုင်းဒေသကြီး ၀န်ကြီး ဒေါက်တာဝင်းအောင်၊ တနင်္သာရီ တိုင်းဒေသကြီး ကော်မတီဝင် ဦးအေးအောင်နှင့် ဦးကြည်ထွန်း၊ မြိတ်ခရိုင်အတွင်းရေးမှူး ဦးအောင်ဇော်မိုးနှင့် ကော်မတီဝင်များ၊ မြိတ်မြို့နယ် အတွင်းရေးမှူး ဦးကိုကိုကြီးနှင့် ကော်မတီဝင်များ ၊ ရပ်/ကျေး စည်းရုံးရေးမှူးနှင့် ပါတီဝင်များ တက်ရောက် ကြသည်။ 



အခမ်းအနားတွင် မြိတ်မြို့ တောကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ တေဇောဘာသာ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆာက်တည်ကြ ပြီးနောက် ဆရာတော် သံဃာတော်များ ထံမှ ပရိတ် တရားတော်များ နာယူကြကာ ၀ါဆို င်္ကန်းနှင့် တကွ လှူဖွယ် ၀တ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေကာ ဘုရားအမှူး ရှိသော သံဃာတော်များအား ဆွမ်း ဆက်ကပ် လှူဒါန်းပြီး ဧည့်ပရိတ်များအား ဧည့်ခံ ကျွေးမွေးကြကြောင်း သတင်း ရရှိပါသည်။


0 comments: