Tuesday, July 23, 2013

ဘုရားကိုင်တောင် မြေပြိုမှုကြောင့် နေအိမ်တစ်လုံး ပျက်စီး

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့ နံနက် (၆) နာရီ ၀န်းကျင် အချိန်ခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ပေါ်မြေများ ပြိုကျမှုကြောင့်  မြိတ်မြို့ မြိတ်တောင် နယ်မြေ ဘုရားကိုင်ရပ် ဘုရားကိုင် မူလတန်းလွန် စာသင်ကျောင်းအနီး လမ်းသွယ်တွင် တောင်ခြေအနီး ဆောက်လုပ် ထားသော ဦးကျော်ဆန်းအေး + ဒေါ်မြတ်မိုးရီ ပိုင်ဆိုင်သော အလျား (၂၅)ပေ၊ အနံ (၂၀) ပေရှိ ယိုင်ကာ ဓနိမိုး နေအိမ် တစ်လုံး ပျက်စီးသွားကြောင်း သိရသည်။ 


မြေပြိုမှုကြောင့် နေအိမ်နှင့် ပရိဘောဂ ပစ္စည်းများမှ အပ အခြား ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း သတင်းရရှိသည်။


0 comments: