Thursday, July 18, 2013

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကန်ဖျား အုပ်ချုပ်ရေးမှူးရုံး အုတ်တံတိုင်း ပြိုကျ

ဇူလိုင်လ(၁၆)ရက် ည(၇)နာရီခန့်တွင် မိုးသည်းထန်စွာ ရွာသွန်း ရာ မြိတ်မြို့ ကန်ဖျား လမ်းမကြီး ကန်ဖျားရပ်ကွက် ကန်ဖျား အုပ်ချုပ်ရေးမှူးရုံးရှေ့ အုတ်တံတိုင်းသည် ရေစီးဆင်းမှုများခြင်းကြောင့် မြေသား များ ပြိုကျ သဖြင့် အုတ်တံတိုင်း (၁၀)ပေ (၃)ခန်းပြိုကျကာ ကြေငြာ ဆိုင်းဘုတ်(၂)ခုပြိုလဲပြီး လမ်းဘေး ဓာတ်တိုင်(၁)ခု လမ်းမပေါ် ယိုင်လဲခဲ့သည်။
 
အဆိုပါ အုတ်တံတိုင်းနှင့် မြေသား ပြိုကျခြင်းအား တာဝန်ရှိသူများက ရှင်းလင်း ဖယ်ရှား ဆောင်ရွက်ပြီး ဖြစ်ကြောင်း သတင်း ရရှိပါသည်။


0 comments: