Wednesday, July 17, 2013

မြိတ်ကျွန်းစု ကွမ်းထောင်းကျွန်း ပင်လယ်ပြင်တွင် ရရှိသည့် ကြေးဖိနပ်သည် ဗိုက်ကင်း ခေါ် ပင်လယ်ဓမြများ သုံးသည့် ဖိနပ် မဟုတ်ပဲ ရေငုပ်သမားများ စီးသည့် ဖိနပ်သာ ဖြစ်ကြောင်း (ပေးစာ )




မဇ္ဈိမ ခင်ဗျား ၁၆-၀၇-၂၀၁၃ နေ့ထုတ် မဇ္ဈိမသတင်းစာ အတွဲ(၁)၊ အမှတ်(၃၈)တွင် ဖော်ပြထားသော သတင်းနှင့် ပတ်သက်ပြီး ပြောခွင့်ပြုစေလို ပါတယ်။ " PATENT ဆိုတဲ့စကားလုံးက Viking ပလင်ယ် ဓားမြတွေနဲ့ နွယ်တဲ့ နာမည် တစ်မျိုးဖြစ်တယ် " လို့ Highlight လုပ်ထားတာတွေ့ရလို့ပါ။ ဗိုက်ကင်း လူမျိုးတွေဟာ ၈ရာစု ကနေ ၁၁ရာစု အလယ်လောက်ထိ ဥရောပ၊ အာရှအချို့ဒေသနဲ့ North Atlantic ကျွန်းစုတွေမှာ ကျက်စားနေထိုင် ခဲ့ကြတဲ့ north Germanic people တွေဖြစ်ပါတယ်။ 


ဗိုက်ကင်းတွေကို Ascomanni, ashmen, Lochlanach, Rus' or Rhōs, Varangians စသဖြင့်လည်း ခေါ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဗိုက်ကင်းနဲ့ ဆက်နွယ်တဲ့ လူမျိုးစုအဖြစ် PATENT ဆိုတာကိုတော့ မကြားခဲ့ဘူး ပါဘူး။ 

On line မှာ အင်္ဂလိပ် ဘာသာနဲ့ web page တင်ထားတဲ့ မဇ္ဈိမ အနေနဲ့ မြန်မာတွေ ပေးတင့် လို့ ခေါ်နေကြတဲ့ Patent စကားလုံးဟာ မူပိုင်ခွင့် ကိုခေါ်တယ်ဆိုတာ သိပြီးဖြစ်မှာပါ။  Patent ကို Google လုပ်ကြည့်တော့ Copy Right ကိုဘဲ ရည်ညွှန်းတာ တွေ့ရပါတယ်။ Patent နဲ့ Viking ဆက်စပ်တာ မတွေ့ရပါဘူး။ Oxford Adv Learner's Dictionary မှာလည်း မူပိုင်ခွင့် ကိုဘဲပြောပါတယ်။  

နောက်တစ်ချက်က C, F, HEINKE, S ဆိုတာပါ။ မသိလို့ Heinke ကို Google လုပ်ကြည့်ပါတယ်။ အဖြေ တစ်ခါတည်း ထွက်လာ ပါတယ်။ " C.E.Heinke & Co, Submarine Engineers " ဖြစ်ပါတယ်။ လန်ဒန်မှာ နေထိုခဲ့တဲ့ Charles Edwin Heinke ဆိုတဲ့ အမျိုးသား တစ်ယောက်က ၁၈၄၄ခုနှစ်မှာ ရေငုပ်ခေါင်းစွပ် တစ်ခုကို ကြေးဝါသတ္တုနဲ့  ပြုလုပ်ခဲ့ပါတယ်။ Heinke (diving equipment makers) ရဲ့အစဘဲ ဖြစ်ပါတယ်။ C.E.Heinke & Co, Submarine Engineers ကိုတော့ ၁၉၀၂ ခုနှစ်မှာမှ ထူထောခင်ဲ့တာဖြစ်ပါတယ်။ အရင်တုန်းက လူတွေ ရေအောက်ကြမ်းပြင်မှာ လမ်းလျှောက်ဖို့ အလေးချိန်စီးတဲ့ ဖိနပ်တွေကို ကြေးသတ္တုစပ် တွေနဲ့ ထုတ်ခဲ့ကြပါ တယ်။ http://en.wikipedia.org/wiki/Heinke_(diving_equipment_makers) အခုတွေ့ရတဲ့ ဖိနပ်ဟာလည်း Heinke (diving equipment makers) က ၁၉၀၂ခုနှစ် နောက်ပိုင်း ထုတ်ခဲ့တဲ့ ဖိနပ်ဖြစ်ပါလိမ့်မယ်။ သတင်းစာထဲမှာ Patent ကို Viking လူမျိုးစုနွယ် အဖြစ် စာလုံးကြီးနဲ့ဖော်ပြထားတာဖတ်ရတော့ အသဲယား မိတာနဲ့ ဒီ mail ကိုပို့မိပါတယ်။ 

ဒီမှတ်ချက်ကို ပြောပြတဲ့ ထားဝယ်မှ ဦးဇော်သူရအေနနဲ့ Patent ဆိုတာ Viking မျိုးနွယ်စု သေချာလို့ ပြောတာဆိုရင် ကျွန်တော်ရဲ့ ဗဟုသုတ အားနဲချက် အတွက် တောင်းပန်ပါတယ်။ Reference လေးပြောပြနိုင်မယ် ဆိုရင် တကယ့်ကို ကျေးဇူးတပင်ါတယ်။  ဖြစ်နိုင်မယ်ဆိုရင် ဦးဇော်သူရနဲ့ Dawei Watch တို့ကို forward လုပ်ပေးစေလိုပါတယ်။ ကျွန်တော်မှားခဲ့ရင် တောင်းပန်ချင်လို့ပါ။ Oxford Advanced Learner's Dict မှာ ပြထားတဲ့ Patent meaning ကို ပူးတွဲပို့လိုက်ပါတယ်။ မှားတာရှိရင် ဝေဖန်စေလိုပါတယ်။
( အေးလွင် )

မူရင်းသတင်းကို ထပ်မံ ဖော်ပြပါသည်။
အလေးချိန် လေးပိဿာကျော်ရှိ ကြေးဖိနပ် တစ်ဘက် ကွမ်းထောင်ကျွန်း ပင်လယ်ပြင်မှဆယ်ယူ ရရှိ
-------------------------------
တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ကွမ်းထောင်ကျွန်း အနောက်ဘက်ရှိ ရေအောက် အနက် ၄၂ ပေမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အလေးချိန် လေးပိဿာကျော်ရှိသည့် ကြေးဖိနပ်တစ်ဘက် ဇူလိုင်လ ၆ ရက်က ဆယ်ယူရရှိသည်ဟု မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ၊ ပန်းယာလမ်းဝပ်ရှော့နေ ဦးငွေစိုးက ပြောသည်။

ကွမ်းထောင်ကျွန်းအနီးတွင် စက်လှေဖြင့် ငါးမျှားရာ၊ ငါးမျှားချိတ်တွင် ချိတ်ပါလာခြင်း ဖြစ်သည်။ အလေးချိန် ၄ ပိဿာ ၂၀ ကျပ်သားရှိသည့် ဖိနပ်သည် အရှည် ၁၃ လက်မနှင့် အကျယ် ငါးလက်မ ရှိသည်။ ဖိနပ် ပတ်လည်တွင် ဘဲဥပုံ အပေါက် ၁၆ ပေါက်နှင့် ဘေးတစ်ဘက်တစ်ချက်စီတွင် အပေါက် လေးပေါက် ပါရှိသည်။

ဖိနပ်၏ ဘေးတစ်ဖက်တွင် C,F,HEINKE,S စာတမ်းနှင့် အခြားတစ်ဖက်တွင် PATENT ဟူသည့် စာတန်းများ ပါရှိသည်။

“PATENT ဆိုတဲ့ စကားလုံးက ဗိုက်ကင်း ပင်လယ်ဓားပြအုပ်စုတွေနဲ့ နွယ်တဲ့ နာမည်တစ်မျိုး ဖြစ်တယ်။ ဒီ အုပ်စုတွေ ဒီလာတယ်လို့ မှတ်တမ်းမရှိဘူး။ ဒါပေမဲ့ သူတို့အုပ်စုအနွယ်တွေ ဖြစ်နိုင်တယ်” ဟု ထားဝယ် သုတေသန အဖွဲ့မှ ဦးဇော်သူရက မှတ်ချက်ပြုသည်။

လွန်ခဲ့သည့် ၁၇ ရာစုဝန်းကျင်က ပင်လယ် ဓားပြအုပ်စုများတွင် နာမည်ကြီးသည့် ယိုးဒယားတစ်ဝိုက် ပင်လယ်ဓားပြများ တနင်္သာရီတွင် ကြီးစိုးခဲ့ဖူးပြီး ယင်းအုပ်စုများအထဲမှ ဖြစ်နိုင်ကြောင်း ဦးဇော်သူရက ပြောသည်။

မြိတ်ဒေသတွင် လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က ကုန်းပေါ်တွင် ရွှေအိုးတစ်လုံး တူးဖော် ရရှိဖူးပြီး ရေထဲတွင် ယင်းကဲ့သို့ကြေးဖိနပ်မျိုး တွေ့ရှိခြင်းသည် ပထမဦးဆုံးဖြစ်ကြောင်း ဒေသခံ ရှေးဟောင်းပစ္စည်း စိတ်ဝင်စားသူများက ပြောသည်။

Dawei Watch
Mizzima - News in Burmese


0 comments: