Saturday, July 27, 2013

တနင်္သာရီမြို့နယ်တွင် မိုးစပါး စိုက်ပျိုးစရိတ် ငွေထုတ်ချေး

တနင်္သာရီတိုင်း ဒေသကြီး ၊မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်သို့ ၂၀၁၃ခုနှစ် အတွက် မိုးစပါး စိုက်ပျိုး စရိတ် ချေးငွေများကို မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြိတ်ခရိုင် မန်နေဂျာ ဦးရွှေဟို ခေါင်းဆောင်သည့် ဘဏ်ဝန်ထမ်း များက၂၄-၇-၂၀၁၃နေ့မှ စပြီး တနင်္သာရီမြို့သို့ ကွင်းဆင်း ထုတ်ချေး ပေးလျက်ရှိရာ ၂၆-၇-၂၀၁၃ရက် အထိ ကျေးရွာ အုပ်စု(၅) အုပ်စု၊ တောင်သူပေါင်း (၅၈၃)ဦး၏ စိုက်ဧက(၃၇၀၆)ဧက အတွက် တစ်ဧက ချေးငွေကျပ် (၁)သိန်း နှုန်းဖြင့် ချေးငွေ ကျပ်သိန်းပေါင်း (၃၇၀၆)သိန်း ထုတ် ချေး ပြီးကြောင်း သိရသည်။ 


တနင်္သာရီ မြို့နယ်သို့ ယခုနှစ်တွင် ကျေးရွာအုပ်စု (၁၄) အုပ်စု၊ တောင်သူ (၁၀၂၅)ဦး၏ မိုးစပါး စိုက်ဧက (၆၄၇၅) ဧက အတွက် ချေးငွေ ကျပ်သိန်းပေါင်း (၆၄၇၅)သိန်း ထုတ်ချေး ပေးမည်ဖြစ်ကြောင်း ခရိုင်မန်နေဂျာ ဦးရွှေဟိုက ပြောကြားသည်။

တနင်္သာရီမြို့နယ်၌ ၂၀၁၂ ခုနှစ်တွင် မိုးစပါး စိုက်ပျိုးရန် ၃၁၅၀၀ ဧက လျာထားခဲ့ပြီး ၃၀၆၄၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။

0 comments: