Monday, July 22, 2013

သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ စာသင်ခုံနှင့် ကျောင်းဝတ်စုံများလှူဒါန်း



၁၉၉၄-၁၉၉၅ ခုနှစ် ကျောင်းသား/ သူများ နှင့် စေတနာရှင်များက သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့  စာသင်ခုံ(၂၀)လုံး (၆၀၀၀၀၀) ကျပ်နှင့် (၁၄၀၀၀၀)ကျပ် တန်ဖိုးရှိ ကျောင်း ၀တ်စုံများ လှူဒါန်းပွဲကို ဇူလိုင်လ(၂၁)ရက် နေ့လည်(၂) နာရီတွင် အဆိုပါကျောင်း၌ ကျင်းပရာ စာသင်ခုံများနှင့် ကျောင်းဝတ်စုံ များကို ကျောင်းအုပ် ဆရာတော် မဟာ သဒ္ဒမ္မဇောတိက ဓဇ ဘဒ္ဒန္တ သုဇာတထံ လှူဒါန်းခဲ့ ကြပြီး ရေစက် သွန်းချ အမျှပေး ဝေခဲ့ကြသည်။

သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွင် ကျောင်းသား ကျောင်း သူ (၁၄၄၂) ဦး ပညာ သင်ကြားလျက် ရှိရာ ကျောင်းအုပ် ဆရာတော် ဦးဆောင်၍ ဆရာ(၁)ဦး၊ ဆရာမ (၄၁)ဦးတို့က စေတနာ ပြည့်ဝစွာ ဖြင့် ပညာသင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

သံသရာအေး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် မိဘမဲ့ ကလေးများနဲ့ ဆင်းရဲ နွမ်းပါး၍ ပညာသင်ကြားရန် အခက်အခဲ ရှိသူများကို ၂၀၀၃ ခုနှစ်မှစတင်၍ ပညာ သင်ကြားပေး ခဲ့ပြီး ၂၀၁၂-၂၀၁၃ ပညာရေးနှစ်တွင် ကျောင်းသား/ သူ စုစုပေါင်း ၁၄၆၀ ဦးကို ဆရာတော်ကြီး၏ ဦးဆောင်မှု၊ ဆရာ/ဆရာမ ၄၂ ဦးတို့ ၏ ဦးဆောင်မှုဖြင့် ပညာသင်ကြားပေးနိုင်ခဲ့သည်။

အဆိုပါ ကျောင်းသား ၁၄၆၀ ဦးတွင် ကျောင်းအိပ် ကျောင်းစား ၂၄၉ ဦး ( ယောကျာင်္းလေး ၁၃၂ ဦး၊ မိန်းကလေး ၁၁၇ ဦး)၊ မိဘမဲ့ ကလေး ၄၃ ဦး ပါဝင်၍ သူငယ်တန်းမှ အစပြုကာ တက္ကသိုလ် ပညာဆုံးခန်းတိုင်သည့် တိုင်အောင် ပညာသင်ကြားပေးလျက်ရှိပါသည်။ ထို့အပြင် ကျောင်းတွင် ပညာ သင်ကြားနေသူများ ထဲမှ ထမင်းစားရန် အခက်အခဲ ရှိသူ ကျောင်းသား/သူ  ၅၀၀ ကျော်ခန့် ( မိဘမဲ့များ၊ ဆင်းရဲနွမ်းပါးသူများ )အား နေ့လည်စာပါ ကျွေးမွေးလျက် ရှိပါသည်။ ပညာရေး မူလွန် ကျောင်း၏ တစ်လတာ ကုန်ကျ စရိတ်မှာ သိန်း ၇၀ ကျော်ရှိပြီး ရန်ကုန်ရှိ ရှိုင်းဟိုလ် ကုမ္ပဏီမှ ၂၀၁၃ ခုနှစ် ကုန်သည်အထိ တစ်လလျှင် ၁၆ သိန်း ပုံမှန် လှူဒါန်းလျက်ရှိ ပါသည်။

တခြား လိုအပ်သော ငွေကြေးများကို မြို့မိမြို့ဖများနဲ့ တခြား ဒေသမှ စေတနာရှိ ရဟန်း ရှင်လူများ၏ ကူညီ ထောက်ပံ့မှုဖြင့် ကြိုးစား ရုန်းကန် လည်ပတ်လျက်ရှိပါသည်။ ယခုအခါ ကျောင်းသားများ၏ စာသင်ဆောင်များ ထဲမှ ၂ဆောင်မှာ လွန်စွာ ယိုယွင်း ပျက်စီးလျက် ရှိပြီး အသစ် တည်ဆောက်ရန် လိုအပ်လျက် ရှိပါသည်။ မိဘမဲ့ ကလေးများနဲ့ ဆင်းရဲ နွမ်းပါးသော ကလေးများ၏ ပညာရေးတွင် အထောက်အပံ့ ဖြစ်စေရေး စေတနာ ထက်သန်စွာဖြင့် တတ်နိုင်သလောက် လှူဒါန်း ကူညီနိုင်ရန် နှိုးဆော်အပ် ပါသည်။ စေတနာ ထက်သန်စွာဖြင့် လှူဒါန်းလိုသော ပုဂ္ဂိုလ်များ အနေဖြင့် အောက်ဖော်ပြပါ နေရာများသို့ ဆက်သွယ်လှူဒါန်းနိုင် ပါသည်။

၁။ဆရာတော် ဦးသုဇာတ (မြိတ်) ၀၉၈၇၆၂၆၅၆
၂။ကိုသူရ (စင်ကာပူ) +၆၅ ၈၂၂၀၁၃၁၉
၃။မိန်.မိန့် (ဂျာမနီ) +၄၉ ၁၇၆၈၉၁၀၀၁၅၂
၎။သျှားသျှား (ကျိုက်ထို) ၀၉၄၂၅၂၆၄၃၃၁
၅။မထက်ထက်ဝင်း (ကျောက်ဆည်) ၀၉၄၀၂၆၆၁၆၃၇
၆။မလဲ့လဲ့ဝင်း (EC) (မန္တလေး) ၀၉၄၄၄၀၃၄၀၂၅
အလှူရှင်များ၏  အမည်များကို စနစ်တကျ ပြန်လည် ဖော်ပြပေးသွားမည် ဖြစ်ပြီး ဂုဏ်ပြု မှတ်တမ်းများ ကိုပါ ပြန်လည် ပေးပို့မည် ဖြစ်ကြောင်း သတင်းရရှိ ပါသည်။ 



0 comments: