Saturday, July 27, 2013

မြိတ်ခရိုင်အတွင်း GSM ဖုန်း ၁၂၀၀ နှင့် CDMA ဖုန်း ၁၀၀၀ ခွဲဝေ ရောင်းချမည်


နိုင်ငံတော် အစိုးရမှ အများ ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် တန်ဖိုးနည်း ဖုန်းများ ချထား ခွဲဝေ ရောင်းချပေး လျက်ရှိရာ ယခု စတုတ္ထ အကြိမ်တွင် ယခင် ချထားပေးသည့် CDMA 800 MHz ဖုန်းများ အပြင် GSM ဖုန်းများပါ ထည့်သွင်း ရောင်းချပေးမည် ဖြစ်ပြီး မြိတ်ခရိုင်အတွင်း မြိတ်ခရိုင်အတွင်း GSM ဖုန်း ၁၂၀၀လုံး နှင့် CDMA ဖုန်း ၁၀၀၀လုံး ခွဲဝေ ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။


GSM ဖုန်းများ ရောင်းချရာတွင် အသုံးပြု၍ ရသည့် မြိတ်ခရိုင်အတွင်းရှိ မြိတ်မြို့နယ် ၊ ကျွန်းစုမြို့နယ် ၊ ပုလော မြို့နယ်၊ တနင်္သာရီ မြို့နယ် များအတွက် တစ်မြို့နယ်လျှင် အလုံးရေ (၃၀၀) နှုန်းဖြင့် စုစုပေါင်း (၁၂၀၀) လုံး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးရာတွင် မြို့နယ် အသီးသီး အနေဖြင့် တစ်မြို့နယ်လျှင် ရရှိမည့် ခွဲတမ်း (၃၀၀) လုံးအနက် ပြည်သူ လူထုအတွက် (၁၅၀)လုံး၊ ဌာနဆိုင်ရာအတွက် (၇၅)လုံး၊ တပ်မတော် အတွက် (၇၅)လုံး ရောင်းချပေးရန် သတ်မှတ် ထားကြောင်း သိရှိရသည်။ 

CDMA 800 MHz ဖုန်းများကိုမူ အသုံးပြုရန် အဆင်ပြေသည့် မြိတ်မြို့နယ် အတွက်သာ အလုံးရေ (၁၀၀၀) ခွဲဝေ ရောင်းချပေးမည် ဖြစ်ပြီး အလုံးရေ (၁၀၀၀) အနက် ပြည်သူလူထုအတွက် (၅၀၀)လုံး၊ ဌာနဆိုင်ရာ အတွက် (၃၀၀)လုံးနှင့် တပ်မတော် အတွက် (၂၀၀)လုံး ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။



0 comments: