Thursday, July 25, 2013

ပွင့်လင်းမြင်သာစွာဖြင့် တန်ဘိုးနည်း ဖုန်းများ ခွဲဝေရန် လိုအပ်



ပွင့်လင်းမြင်သာစွာဖြင့် တန်ဘိုးနည်း ဖုန်းများ ခွဲဝေရန် လိုအပ်

တန်ဘိုးနည်း ဖုန်းများအား နိုင်ငံတော် ချမှတ်ပေး သည်မှာ ယခုလပါဆိုလျင် (၄)ကြိမ် ရှိလာမည် ဖြစ်ပါသည်။ ထိုကဲ့သို့ ချမှတ်ပေးသော်လည်း မြိတ်မြို့နယ် အတွင်းမှ  သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး (အားလုံးကို မဆိုလို)  အချို့သည် ခွဲတမ်း ရရှိသည့် Sim Card အရေအတွက်ကို ပြည်သူ လူထုများအား အမှန်အတိုင်း ချပြခြင်း မရှိဘဲ လက်သိပ်ထိုး ခွဲတမ်း ချမှတ်ပေးနေသည်ကို တွေ့ရှိရသည်။ 


ဥပမာ အားဖြင့် ပြီးခဲ့သည့် တတိယ အကြိမ်တွင် မြိတ်မြို့နယ် ရှိ ကျေးရွာကြီး တစ်ရွာသည် ခွဲတမ်း (၄၈) ကတ် ရရှိသော်လည်း လက်အောက် ကျေးရွာ အပိုင်း (၁၂)ပိုင်း အတွက် တစ်ရွာ/ တစ်ပိုင်းလျှင် ကတ် (၂)ကတ်နှုန်းဖြင့် ၂၄ ကတ်သာ ပြည်သူများ မဲနှိုက်ခဲ့ရပြီး ကျန်ရှိသော (၂၄)ကတ်မှာ လက်သိပ်ထိုး ခွဲဝေ ခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ ဆောင်ရွက်ခဲ့ သည်မှာ တတိယအကြိမ်သာ မဟုတ်ဘဲ ဒုတိယ အကြိမ် တွင်လည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခု စတုတ္ထအကြိမ်ကို မကြာမီရက်များအတွင်း ထပ်မံ ချထားပေးတော့မည် ဖြစ်ပါသည်။ သို့ဖြစ်၍ နိုင်ငံတော်မှ ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲနိုင်ရန် ချမှတ်ပေးထားသည်ကို ပြည်သူ လက်ဝယ် မရောက်ဘဲ တစ်လွဲ ရောက်နေသည်များကို တာဝန်ရှိသူများ အဆင့်ဆင့်မှ စိစစ်ကြပ်မတ်စေလိုပါကြောင်း တင်ပြအပ်ပါသည်။


0 comments: