Sunday, July 7, 2013

နယ်လှည့် ဆေးကုသရေးအဖွဲ့ အခမဲ့ ကွင်းဆင်း ဆေးကုသ

မြိတ်မြို့ သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော် မဟာသဒ္ဒမ္မ ဇောတိကဓဇ ဘဒ္ဒန္တ သုဇာတနှင့် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးတို့ ဦးဆောင်သော (၅/၁၀၀)တပ်မတော် ဆေးရုံမှ အထူးကု ပါရဂူ ကြီးများနှင့် အထူးကု ဆရာဝန်ကြီးများ ပါဝင်သော  (၁၉)ကြိမ်မြောက် နယ်လှည့်ဆေးကုသရေး အဖွဲ့သည် ဇွန်လ(၇)ရက် နံနက်(၈) နာရီတွင် သာကေတရပ်ကွက် အခြေခံပညာ မူတန်းလွန် ကျောင်း၌ အခမဲ့ ကွင်းဆင်း ဆေးကုသသည်။

အဆိုပါ ကွင်းဆင်း ဆေးကုသ အဖွဲ့သည် သာကေတ ရပ်ကွက်နှင့် အနီးအနားရှိ ရပ်ကွက်များမှ ပြည်သူ (၃၇၀) ဦးအား မျက်စိ အထူးကု ဆရာဝန်ကြီး၊ ခွဲစိတ် အထူးကု ဆရာဝန်ကြီး၊ အထွေထွေ ရောဂါကု ဆရာဝန်ကြီး၊ သွား အထူးကု ဆရာဝန်၊ ကလေး အထူးကု ဆရာဝန်များနှင့် သူနာပြုများက ကျန်းမာရေး ဆေးစစ်ပေးပြီး အခမဲ့ ဆေးကုသပေးကြ၍ ဆေးများ အခမဲ့ပေးဝေခဲ့သည်။




0 comments: