Thursday, July 11, 2013

မြိတ်မြို့ သဒ္ဓမ္မ ၀ံသ ရက္ခိတ (၉၆၉) အသင်း ဆရာတော်ကြီးများထံမှ သြ၀ါဒ ခံယူ



အမျိုး သာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် မြိတ်မြို့ သဒ္ဓမ္မ ၀ံသ ရက္ခိတ (၉၆၉) အသင်း ၏ အမျိုး သာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် မြိတ်မြို့ပေါ်ရှိ ဆရာတော်ကြီးများထံမှ သြ၀ါဒ ခံယူပွဲ အခမ်းအနား တစ်ရပ်အား ၂၀၁၃ ခုနှစ် ဇူလိုင်လ (၉) ရက်နေ့ နံနက် (၉)နာရီခွဲ အချိန်တွင် မြိတ်တောင် အောင်မင်္ဂလာ ပရိယတ္တိ စာသင်တိုက်၌ ပြုလုပ်ကျင်းပခဲ့သည်။ 

အခမ်းအနားတွင် ပထမဦးစွာ နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီးနောက် တနင်္သာရီတိုင်း ဒေသကြီး သံဃမဟာ နာယက အဖွဲ့ ဥက္ကဋ္ဌ ကန်သာ စာသင်တိုက် ဆရာတော်  အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍည ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက် ဆရာတော်မှ အမျိုး ဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများကို ဗုဒ္ဓဘာသာ ၀င်များ ဖြစ်သည်နှင့်အညီ ဗြဟ္မစိုရ် တရား လက်ကိုင်ထားပြီး ပြောဆို နေထိုင် လုပ်ကိုင်ဆောင်ရွက်ရန် သြ၀ါဒ မြွက်ကြားသည်။ 

ထိုနောက် မြိတ်မြို့နယ် သံဃ မဟာ နာယက အဖွဲ့ ဥက္ကဋ္ဌ ပတ္တမြားကျောင်းတိုက် ပဓာန နာယက ဆရာတော်  ဘဒ္ဒန္တ ကောသလ္လ က မေတ္တာတရား ရှေ့ထားပြီး အမျိုး ဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ၊ ညီညီ ညွတ်ညွတ် ဆောင်ရွက်ရန် သြ၀ါဒ မြွက်ကြားသည်။

ဆက်လက်ပြီး ရွှေကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ပညိန္ဒာစာရ သြ၀ါဒ အမျိုး ဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး ဆောင်ရွက်သည့် နေရာတွင် မိမိနှင့် သူတစ်ပါ အကျိုး မထိခိုက်အောင် ဆောင်ရွက်ရန် သြ၀ါဒ  မြွက်ကြားသည်။

ထိုနောက် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက ဆရာတော်ကြီးများ သြ၀ါဒ မိန့်ကြားချက်များနှင့် အညီ လိုက်နာ မှတ်သားပြီး ဌာနဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း ၊ အဖွဲ့အစည်း များ အသီးသီးကိုလည်း ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း   လျှောက်ထားသည်။

အောင်မင်္ဂလာ ပရိယတ္တိ စာသင်တိုက် တိုက်အုပ် ဆရာတော် ဘဒ္ဒန္တ ဓမ္မ၀ံသ မှ လျှောက်ထားရာတွင် ယခု အချိန်သည် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ မကွယ်ပျောက်စေရန် ထိန်းသိမ်း စောင့်ရှောက်ဖို့ အချိန် ကျရောက်ပြီ ဖြစ်ကြောင်း ၊ မျိုးစောင့် ဥပဒေ အတည်ပြုနိုင်ရေး အတွက် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ လျှောက်ထားသည်။ 

ထိုနောက် ဆရာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ တနင်္သာရီတိုင်း ဒေသကြီး သံဃမဟာ နာယက အဖွဲ့ ဥက္ကဋ္ဌ ကန်သာ စာသင်တိုက် ဆရာတော်  အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍညက လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ် ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းကာ ဆရာတော်ကြီးများ နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး ဧည့်ပရိတ်သတ် များအား နေ့လည်စာဖြင့် ဧည့်ခံ ကျွေးမွေးခဲ့သည်။ 

အဆိုပါ သြ၀ါဒ ခံယူပွဲ အခမ်းအနားသို့ မြိတ်မြို့ပေါ်ရှိ ကျောင်းတိုက်များမှ ဆရာတော်ကြီးများ စုစုပေါင်း (၅၈)ပါး၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဌာနဆိုင်ရာများ ၊ သဒ္ဓမ္မ ၀ံသ ရက္ခိတ (၉၆၉) အသင်း အသင်းသား အသင်းသူများ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 




0 comments: