Friday, July 12, 2013

ကျွန်းစုမြို့နယ် လင်မလို ကျေးရွာ၌ စာရိတ္တ မဏ္ဍိုင် စာကြည်တိုက် ဖွင့်လှစ်



နိုင်ငံတော် မတည်ငွေ (၁၀)သိန်း ကျပ်၊ ပြည်သူလူထုထည့်ဝင်ငွေ(၅၅၇၃၀၀) ကျပ် စုစုပေါင်း (၁၅၅၇၃၀၀)ကျပ်ဖြင့် တည်ဆောက် ပြီးစီး ခဲ့သော အလျား(၂၄)ပေ၊ အနံ(၁၈)ပေရှိ စာရိတ္တမဏ္ဍိုင် စာကြည့်တိုက် အဆောက်အဦသစ် ဖွင့်ပွဲကို ဇူလိုင်လ(၁၀)ရက် ညနေ(၄း၃၀) နာရီတွင် မအိုင်အုပ်စု လင်မလို ကျေးရွာရှိ အဆိုပါ စာကြည့်တိုက်၌ ကျင်းပသည်။


ဖွင့်ပွဲအခမ်းအနား၌  စာကြည့်တိုက် အဆောက်အဦသစ်အား ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သောင်းထွန်းလွင်နှင့် မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဒေါ်ဝါ၀ါခိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ခဲ့ကြသည်။ ထိုနောက် ဌာနဆိုင်ရာများနှင့် ကျေးရွာသူ/သားများမှ အလှူငွေ(၂)သိန်းကျပ်ကို စာကြည့်တိုက် ရန်ပုံငွေအတွက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။


0 comments: