Wednesday, July 31, 2013

ကျွန်းစုမြို့တွင် တန်ဖိုးနည်း GSM တယ်လီဖုန်းများ စတင်ရောင်းချ

နိုင်ငံတော်အစိုးရမှ ပြည်သူများအတွက် ဈေးနှုန်းချိုသာသော တန်ဖိုးနည်း တယ်လီဖုန်းများ ခွဲဝေ ရောင်း ချပေးလျက်ရှိရာ ကျွန်းစုမြို့နယ်၌ ဇူလိုင်လ(၃၀)ရက် နေ့လည်(၂)နာရီက ကျွန်းရတနာခန်းမတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ယူ၍ ၁၅၀၀တန် GSM ဖုန်းများစတင်ရောင်းချပေး ခဲ့သည်။


ထိုသို့ ရောင်းချပေးရာတွင် မဲစနစ်ဖြင့် ရောင်းချပေးခဲ့ရာ အမှတ်(၁)ရပ်ကွက်တွင် (၄၆)လုံး၊  အမှတ်(၂) ရပ်ကွက်တွင် (၁၈)လုံး၊  အမှတ်(၃) ရပ်ကွက်တွင် (၆၀)လုံး၊ အမှတ်(၄)ရပ်ကွက်တွင် (၂၆)လုံး  အသီးသီး ရောင်းချပေးခဲ့ ကြောင်းသတင်း ရရှိပါသည်။

ကျွန်းစုမြို့နယ် အနေဖြင့် ပထမဦးဆုံး အကြိမ် အဖြစ် တန်ဖိုးနည်း GSM တယ်လီဖုန်း အလုံး (၃၀၀) ရရှိပြီး ပြည်သူလူထု အတွက် (၁၅၀)လုံး၊ ဌာနဆိုင်ရာနှင့် တပ်မတော် အတွက်(၁၅၀)လုံးကို ရောင်းချပေးခဲ့ကြောင်း သိရှိသည်။


0 comments: