Tuesday, July 2, 2013

မြိတ်မြို့နယ် ကလွင်ကျေးရွာ မီးသတ်ယာဉ် နေရာမဲ့နေ

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စု၌ မီးဘေး အန္တရာယ် ကျရောက်ပါက မြိတ်မြို့ရှိ မီးသတ်တပ်ဖွဲ့အား အကူအညီ ပေးနိုင်ရန်အတွက် ရေဂါလန် (၃၂၀၀) ဆံ့ မီးသတ် ရေသယ်ယာဉ် တစ်စီးကို အများပြည်သူ ကျေးရွာသားများ ကောင်းမှုဖြင့် ငွေကျပ် ၂၆၅ သိန်းဖြင့် ၀ယ်ယူ ထားပြီး ဖြစ်ပါသည်။ 
သို့ရာတွင် အဆိုပါ ကလွင်ကျေးရွာ အုပ်စု၌ မီးသတ် ရေသယ်ယာဉ်ကို မိုးလုံလေလုံ ရပ်နား ထားရှိရန် အတွက် နေရာမရှိဘဲ တောရကျောင်းရပ် ဘုန်းကြီးကျောင်း အတွင်း ရပ်နား ထားရှိသည်မှာ တစ်နှစ်လေးလခန့် ရှိနေပြီ ဖြစ်ပြီး ထိုသို့ ကြာရှည်စွာ မိုးထဲ လေထဲ ရပ်နား ထားရှိပါက အများပြည်သူ ကောင်းမှု ငွေကျပ် ၂၆၅ သိန်း တန် မီးသတ် ရေသယ်ယာဉ်ကြီး ပျက်စီး ယိုယွင်းလာနိုင်ပါသည်။ 

မီးသတ် ရေသယ်ယာဉ်ကြီး ထားရှိနိုင်မည့် မြေနေရာကို သက်ဆိုင်ရာက အတိအကျ သတ်မှတ်ပေးရန် ကလွင် ကျေးရွာအုပ်စုမှ ဒေသခံများက လိုလားလျက် ရှိကြောင်း သိရသည်။ 

ဇွန် (၃၀) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ကူးယူ ဖော်ပြပါသည်။ 




0 comments: