Wednesday, July 10, 2013

သဲကွင်း(၃)လမ်း စားသောက်ဆိုင်တွင် ရန်ဖြစ်ပြီး ဓားဖြင့်ထိုး၍ (၂) ဦး ဒဏ်ရာရ

၂၀၁၃ ခုနှစ် ၊ ဇူလိုင်လ (၄) ရက်နေ့ ည(၁၀)နာရီ ခွဲ အချိန်ခန့်တွင် မြိတ်မြို့ ကန်ကြီးရပ်ကွက် သာကေတရပ် သဲကွင်း (၃)လမ်းရှိ ကြယ်စင်လင်း စားသောက်ဆိုင်တွင် ဆီလူး(ခ) သန့်ဇင်သက် (၂၈)နှစ်၊ ဒုတိယလမ်း တလိုင်းစုရပ်ကွက်နေသူ အပါအ၀င် (၂) ဦးနှင့် ရေပုန်းရပ် ရယက ရုံးလမ်းနေ ကိုမျိုး (ခ) မျိုးမြင့်ဦး (၂၅)နှစ် ၊ မင်းစန်း (၂၅) တို့သည် အရက်သောက်ပြီး စကားများ ရန်ဖြစ်ရာမှ ဆီလူး(ခ) သန့်ဇင်သက် နှင့် (၂) ဦးတို့က ဓားဖြင့် ထိုးသဖြင့် ကိုမျိုး(ခ) မျိုးမြင့်ဦးနှင့် မင်းစန်းတို့သည် ဓားဒဏ်ရာကြောင့် မြိတ်မြို့ ပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် တက်ရောက် ကုသနေရကြောင်း သိရှိ ရသည်။

ထိုသို့ ရန်ဖြစ်ရာမှ ဓားဖြင့် ထိုးသည့် တရားခံ ဆီလူး (ခ) သန့်စင်သက်ပါ (၃) ဦးအား မြိတ်မြို့ မြို့မ ရဲစခန်းတွင် (ပ) ၂၉၀/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး လက်ရှိတွင် ဆီလူး(ခ) သန့်ဇင်သက် တစ်ဦးတည်းကိုသာ ဖမ်းဆီး ရမိထားပြီး ကျန် တရားခံ (၂)ဦးမှာ ထွက်ပြေး  လွတ်မြောက်နေသဖြင့် ဖမ်းဆီး ရမိရေး စုံစမ်းလျက် ရှိကြောင်း သတင်းရရှိပါသည်။


1 comments:

Dhamika969 said...

ရွှေသမင် ဘယ်ထွက် ဒီလောက်ဆိုရင် သိလောက်ပါပြီ
ယနေ့မြန်မာပြည်မှာ ဒီလိုဖြစ်နေတာ ဒီတနေရာတစ်ခုထဲ
မဟုတ်ပါဘူး ရောင်းတဲ့သူကလည်းရောင်း သယ်တဲ့သူကလည်းသယ် ဘယ်လိုမှတားစီးလို့မရပါ
ဘူး အုပ်ထိန်းသူ မိဖဆရာသမားတွေမှာ တာဝန်အရှိဆုံး
ပါ ရပ်ရွာမှာအုပ်ချုပ်နေတဲ့ သူတွေမှာလည်း အထူးတာ
ဝန်ရှိပါတယ် တွေ့သူမြင်သူတွေကလည်း ဆိုင်ရာကို
အသိပေးရမယ်