Tuesday, July 30, 2013

မြိတ်မြို့နယ် အတွင်း တန်ဖိုးနည်းဖုန်းများ ရောင်းချ ပေးနိုင်ရန် အတွက် ရပ်ကွက် အလိုက် ခွဲဝေ သတ်မှတ်



မြိတ်မြို့နယ် တန်ဖိုးနည်းဖုန်းများ ရောင်းချပေးနိုင်ရန် အတွက် ရပ်ကွက် အလိုက် ခွဲတမ်း သတ်မှတ်ခြင်းကို ဇူလိုင်လ (၂၉) ရက်နေ့တွင် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။ `


ထိုသို့ ညှိနှိုင်းရာ၌ စတုတ္ထအကြိမ်တွင် မြိတ်မြို့နယ်အတွင်း GSM ဖုန်းအလုံး (၃၀၀) နှင့် CDMA 800 MHz ဖုန်း(၁၀၀၀) လုံး ချမှတ်ပေးသွားမည် ဖြစ်ပြီး GSM ဖုန်း (၃၀၀)တွင် ပြည်သူလူထု အတွက် (၁၅၀)လုံး ၊ ဌာနဆိုင်ရာနှင့် တပ်မတော် (၁၅၀) လုံး ခွဲဝေ သတ်မှတ်ပေးမည် ဖြစ်ပြီး CDMA 800 MHz အလုံးရေ (၁၀၀၀) တွင် ပြည်သူလူထု အတွက် (၅၀၀) လုံး၊ ဌာနဆိုင်ရာနှင့် တပ်မတော် အတွက် (၅၀၀) လုံး ခွဲဝေ ရောင်းချ ပေးမည် ဖြစ်ကြောင်း သိရသည်။

GSM ဖုန်းများကို ရပ်ကွက်အလိုက် ခွဲဝေ သတ်မှတ်ရာတွင် မြိတ်တောင် ရပ်ကွက်၊ မြိတ်တောင်ကျေးရွာ၊ (၁၄) လုံးစီ၊ အလယ်ကျွန်း၊ ရေပုန်း၊ ကလွင်၊ ကန်ဖျား၊ စန္ဒ၀တ်၊ (၁၃)လုံးစီ၊ ကန်ခေါင်း၊ နောက်လယ်၊ ထားဝယ်စု၊ ကန်ကြီး၊ မြစ်ငယ်၊ ဈေးတန်း၊ ကျောက်ဖျာ (၇)လုံးစီ၊ ဆိပ်ငယ် တလိုင်းစု (၄)လုံးစီ ခွဲဝေ ထားကြောင်း သိရှိရသည်။

CDMA 800 MHz ဖုန်းများအား ခွဲဝေ သတ်မှတ်ရာတွင် မြိတ်တောင် ရပ်ကွက်၊ မြိတ်တောင်ကျေးရွာ၊  အလယ်ကျွန်း၊ ရေပုန်း၊ ကလွင်၊ ကန်ဖျား၊ စန္ဒ၀တ်၊ (၄၅)လုံးစီ၊ ကန်ခေါင်း၊ နောက်လယ်၊ ထားဝယ်စု၊ ကန်ကြီး၊ မြစ်ငယ်၊ ကျောက်ဖျာ (၂၃)လုံးစီ၊ ဆိပ်ငယ် တလိုင်းစု (၁၂)လုံးစီ ခွဲဝေ ထားကြောင်း သိရှိရသည်။

အဆိုပါ ဖုန်းများအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး အစီအစဉ်ဖြင့် ရပ်ကွက်အလိုက် ခွဲဝေ ရောင်းချ ပေးမည် ဖြစ်ကြောင်း သိရှိသည်။


0 comments: