Thursday, July 25, 2013

အကြိမ်(၂၀)မြောက် နိကာယ် စာမေးပွဲနှင့် ပထမပြန် စာမေးပွဲအောင် သံဃာတော် များနှင့် သီလရှင်များအား စာအောင်ဆုနှင့် စာအောင် လက်မှတ် ဆက်ကပ်လှူဒါန်း

အကြိမ်(၂၀)မြောက် နိကာယ် စာမေးပွဲနှင့် ပထမပြန် စာမေးပွဲအောင် သံဃာတော် များနှင့် သီလရှင်များအား စာအောင်ဆုနှင့် စာအောင် လက်မှတ် ဆက်ကပ်လှူဒါန်း


အကြိမ်(၂၀)မြောက် နိကာယ် စာမေးပွဲနှင့် ပထမပြန် စာမေးပွဲအောင် သံဃာတော်များနှင့် သီလရှင် များအား စာအောင်ဆုနှင့် အောင်လက်မှတ် ဆက်ကပ် လှူဒါန်းပွဲ မ်းအနားကို မြိတ်မြို့ လေးကျွန်း ဆီမီးစေတီ တော်တွင် ဇူလိုင်လ(၂၅)ရက် နေ့လည်(၁)နာရီ၌ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး သံဃာ့ နာယကအဖွဲ့ ဥက္ကဌ ကန်သာကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂဏ္ဍ၀ါစကပဏ္ဍိတ ဘဒ္ဒန္ဒ ကောဏ္ဍည အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ ဌာနဆိုင်ရာများ၊ စေတီတော် ဘဏ္ဍာတော် ထိန်းဂေါပက အဖွဲ့ဝင်များ၊ တပည့်တကာ တကာမများ တက်ရောက်ကြသည်။
 
ရှေးဦးစွာ တက်ရောက် လာကြသူများက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ကြသည်။ ယင်းနောက် ဧည့်ပရိတ်သတ် အပေါင်းက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္ဒ လာသန လှည်းဘီးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြပြီး ဆရာတော် သံဃာတော် များထံမှ ပရိတ်တရား တော်များ နာယူကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ် တ္ထုများ ဆက်ကပ် လှူဒါန်းကြပြီး စာအောင် သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်များကို တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြသည်။ 
ထိုနောက် တနင်္သာရီတိုင်းဒေသကြီး သံဃာ့နာယက အဖွဲ့ ဥက္ကဌ ကန်သာကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ ဂဏ္ဍ၀ါစက ပဏ္ဍိတ ဘဒ္ဒန္ဒ ကောဏ္ဍည ထံမှ အနုမောဒနာ တရားတာယူ၍ ရေစက် သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဒသာသနံ စိရံတိဌတု(၃) ကြိမ်ရွတ်ဆို ရုပ်သိမ်း လိုက်သည်။ 
အဆိုပါ စာမေးပွဲများတွင် ပထမကြီးတန်း (၅)ပါး၊ ပထမလတန်း (၂၂)ပါး၊ ပထမငယ်တန်း (၄၁)ပါးနှင့် ဒီဃနိကာယ် သုတ္တန္တ ပိဋက တစ်ကျမ်းအောင် မစိုးရိမ် ပရိယတ္တိစာသင်တိုက်မှ သံဃာတော်(၁)ပါး စုစုပေါင်း သံဃာတော်နှင့် သီလရှင် စုစုပေါင်း အပါး(၇၀)အောင်မြင်တော် မူခဲ့ကြောင်း သတင်းရရှိသည်။ 
IPRD MYEIK

0 comments: