Thursday, July 25, 2013

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်ပြိုလဲ၍ နေအိမ်ဖိ


၂၀၁၃ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့၊ နံနက် (၀၀း၁၅)နာရီအချိန်ခန့်တွင် မိုးများသည်းထန်စွာ ရွာသွန်း တိုက်ခိုက်မှုကြောင့် မြိတ်မြို့၊ ကလွင်ကျေးရွာ၊ တောရကျောင်းရပ်၊ ရှမ်းချောင်းလမ်းမကြီး (ရေဆေးခုံအနီး)၌ နေထိုင်သူ ကိုမင်းအောင် (ခ) ကိုသားကြီး + မပြုံးပြုံးဆွေ တို့၏ ဓနိမိုး၊ ၀ါးထရံကာ နေအိမ်ပေါ်သို့ အိမ် ညာဘက်ရှိ သစ်ပင်ကြီးလဲကျပြိုဆင်းပြီး ဖိမိသွားခဲ့သဖြင့် အိမ်အရှေ့ပိုင်း ယိုယွင်းပျက်စီးသွားကြောင်း သိရသည်။

ထိုကဲ့သို့ ဖြစ်ပွားမှုကြောင့် လူများတွင် ထိခိုက်ဒဏ်ရာနာကျင်မှုမရှိပဲ ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ်တစ်သိန်း ၀န်းကျင်ခန့်ရှိကြောင်း သိရသည်။

အဆိုပါနေအိမ်အား ရပ်ကွက်မှ တာဝန် ရှိသူများနှင့် စေတနာရှင် ပြည်သူများမှ ဖယ်ရှား ရှင်းလင်းပေးပြီး ကူညီဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။



0 comments: