Thursday, July 18, 2013

မြိတ်မြို့မှ SEA GAME ဂုဏ်ပြုလမ်းလျှောက်သူ မော်လမြိုင်တံတား ဖြတ်သန်းပြီ



မြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ်လက်ခံကျင်းပမည့် SEA GAME အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နေ ဦးအောင်သူ(၄၅)နှစ်က မြိတ် - နေပြည်တော် တစ်ကိုယ်တော် လမ်းလျှောက်ခြင်းအား ဇူလှိုင်လ(၁)ရက်နေ့ နံနက်ပိုင်းက ၄င်း၏နေအိမ်မှ စတင်ခဲ့ပြီး ဇူလှိုင်(၁၇)ရက်နေ့ ညနေ ၃ နာရီတွင် သံလွင်တံတား(မော်လမြိုင်)မှ တစ်ဆင့် ပေါင်မြို့နယ်တွင် ညအိပ် ရပ်နား 


မည်ဖြစ်ကြောင်း သိရသည်။ ၄င်းအနေဖြင့် ၁၇ ရက်အတွင်း မြိတ်-မော်လမြိုင် ခရီးစဉ်မိုင်(၃၂၀)ကျော် ခြေလျင် လျှောက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။


0 comments: