Wednesday, July 17, 2013

ဦးဆန်းလွင်အား မြိတ်ခရိုင်ဖွံ့ဖြိုး တိုးတက်ရေးအသင်း၏ နှစ်ပတ်လည် အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်များ အရ အသင်းမှ ရာသက်ပန်ဖယ်ရှား

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်၊ နေ့လည် (၂း၀၀)နာရီအချိန်၊ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့သစ် (၃)ရပ်ကွက်၊ ဦးပေါစိန်နေအိမ်၌ မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ (၁/၂၀၀၃) နှစ်ပတ်လည် အမှုဆောင် အစည်းအဝေးကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။

အစည်း အဝေးပွဲတွင် အသင်း ပြန်လည် ဖွဲ့စည်းခြင်း၊ အသင်း၏ လုပ်ဆောင်ချက်များ အသေးစိတ် ဆွေးနွေးခြင်း၊ အမှုဆောင် တစ်ဦးချင်း စီမှ လိုအပ်ချက် များ  ဆွေးနွေး တင်ပြခြင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင် အထည်ဖေါ်ဆောင်ရွက်မှု များ၏ လိုအပ်ချက် များနှင့် ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်း လိုအပ်ချက်များ ချမှတ်ဆွေးနွေး တင်ပြခြင်း စသည်ဖြင့် ဆွေးနွေးပြုလုပ် ကြသည်။

အသင်းပြန်လည် ဖွဲ့စည်းခြင်းအရ အသင်းရှိ အလုပ် အမှုဆောင်များ နှုတ်ထွက်ခြင်းနှင့် ပြန်လည် ခန့်အပ်ခြင်းများ ပြုလုပ်ခဲ့ကြပြီး ဦးဆန်းလွင်အား အသင်း၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် ပြုလုပ်ခဲ့သည့် အတွက် အသင်း၏ အစည်းအဝေး ဆုံးဖြတ်ချက်များအရ မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ ရာသက်ပန် ထုတ်ပယ် လိုက်ကြောင်း သိရှိရသည်။


0 comments: